Trend

ဘင်္ဂလားဒေ့ရှ်မှာ လူသောင်းချီ စုဝေးပြီး ကိုရိုနာဗိုင်းရပ်စ် နှင်ထုတ်ပွဲ ကျင်းပ

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဟာ လူစုလူဝေးကို ကြိုက်တဲ့ ရောဂါတမျိုးပါ။ လူစုလူဝေးထဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ တယောက် ရှိနေတာနဲ့ ကျန်လူအားလုံးကို ကူးစက်သွားနိုင်ပါတယ်။ ဒါကြောင့်လည်း လူစုလူဝေးတွေ မပြုလုပ်ကြဖို့ နိုင်ငံတကာမှာ ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့လည်း ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ စာသင်ကျောင်းတွေ ပိတ်ထား ပြီးဖြစ်သလို လူစုလူဝေးတွေ မပြုလုပ်ကြဖို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရိုင်ပါမြို့မှာတော့ ကိုရန်ကျမ်းစာထဲက အနာရောဂါတွေကို ပျောက်ကင်းစေတဲ့ စာပိုဒ်ကို လူသောင်းချီ စုဝေးပြီး ရွတ်ဖတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒေသခံရဲတပ်ဖွဲ့ အကြီးအကဲဖြစ်သူ Tota Miah ကတော့ အဲဒီ ဆုတောင်းပွဲမှာ လူ ၁ သောင်းနီးပါး ရှိလိမ့်မယ်လို့ AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ တကယ်တော့ လူ ၁ သောင်း မကပါဘူး။ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်အရ လူ ၃ သောင်းနီးပါးရှိတယ်လို့ BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဒီလိုဘာသာရေး အခမ်းအနားတွေကနေ ကိုရိုနာဗိုင်းရပ်စ် အလွယ်တကူ ကူးစက်သွားနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ အစ္စလာမ် ဘာသာရေး အခမ်းအနားတခုကို တက်ရောက်ခဲ့တဲ့ ဘရူနိုင်းနိုင်ငံသား တဦး ရောဂါကူးစက်ခံခဲ့ရပါတယ်။ ဘရူနိုင်းနိုင်ငံအတွက်တော့ ပထမဆုံး ရောဂါကူးစက်ခံရသူပါ။

အဲဒီ ဘာသာရေး အခမ်းအနားကို တက်ရောက်ခဲ့တဲ့ စင်ကာပူနဲ့ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနိုင်ငံသားတွေလည်း ရောဂါကူးစက်ခံခဲ့ရပါတယ်။ မလေးရှားနိုင်ငံမှာလည်း ရောဂါကူးစက်မှုနှုန်း မြင့်တက်သွားခဲ့ပါတယ်။ အခုဆိုရင်တော့ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံက ရောဂါကူးစက်ခံရသူအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ လူသောင်းချီပြီ ကိုရိုနာဗိုင်းရပ်စ် နှင်ထုတ်တဲ့ ဆုတောင်းပွဲ ကျင်းပခဲ့တဲ့ ရိုင်ပါမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူတယောက် သေဆုံးခဲ့ရပြီးပါပြီ။ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်မှာ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံနေရသူ ၁၇ ယောက်ထိ ရှိသွားပြီ ဆိုပေမယ့် ကျွမ်းကျင်သူတွေကတော့ ဒီကိန်းဂဏန်းကို သံသယ ဝင်နေကြပါတယ်။ ရောဂါကူးစက်ခံနေရသူ အရေအတွက်က ၁၇ ယောက်ထက် ပိုများဖို့ ရှိပါတယ်။

ရဲတပ်ဖွဲ့အကြီးအကဲဖြစ်သူ Miah ကတော့ အခုလို ဗိုင်းရပ်စ် နှင်ထုတ်တဲ့ ဆုတောင်းပွဲ ကျင်းပဖို့ အာဏာပိုင်တွေဆီက ခွင့်ပြုချက် မတောင်းခဲ့ဘူးလို့ ပြောပါတယ်။ အခု ဆုတောင်းပွဲကို ဦးဆောင် ကျင်းပခဲ့သူဟာ ရိုင်ပါမြို့မှာ သြဇာလွှမ်းမိုးမှုရှိတဲ့ ဘာသာရေးဆရာ တယောက်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် နှင်ထုတ်လိုသူတွေကို သူနဲ့ ဆက်သွယ်ခိုင်းခဲ့ပြီး ဆုတောင်းပွဲ ကျင်းပပြီးတဲ့ နောက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်က လွတ်မြောက်ခဲ့ပြီလို့ သူက ပြောခဲ့ပါသေးတယ်။ လူစုလူဝေးဟာ ကြောက်စရာ ကောင်းပါတယ်။ ဒါကြောင့်လည်း လူစုလူဝေးနဲ့ ကျင်းပတဲ့ ဘာသာရေး အခမ်းအနားတွေကို မပြုလုပ်သင့်သေးပါဘူး။

Ref. BBC

You may also like these stories:

မိုနာကိုနိုင်ငံရဲ့ တော်ဝင်မင်းသား ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

COVID-19 အကြောင်း ခန့်မှန်းခဲ့တဲ့ အကြားအမြင်ဆရာမ Sylvia Brown ရဲ့ စာအုပ်

အမေရိကန် မင်းသား Daniel Dae Kim ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

Did you find apk for android? You can find new Free Android Games and apps.
Loading