Trend

လိုအပ်နေတဲ့ လက်သန့်ဆေးရည်တွေကို ဝေငှပေးသွားမယ့် အရက်ချက် လုပ်ငန်းရှင်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အရေးကြီးဆုံးအချက် ဖြစ်တဲ့ လက်ကို ဆပ်ပြာနဲ့ သန့်စင်ဆေးကြောရမှာ ဖြစ်သလို၊ ရေမရနိုင်တဲ့ နေရာတွေမှာတော့ Alcohol ပမာဏ အနည်းဆုံး ၆၀ ရာခိုင်နှုန်းလောက်ပါတဲ့ လက်သန့်ဆေးရည်တွေနဲ့ သန့်စင်ကြဖို့ တိုက်တွန်းထားပါတယ်။

အခုလို ရောဂါပြန့်ပွားမှု စိုးရိမ်စရာ အခြေအနေမှာ လက်သန့်ဆေးရည်တွေဟာ ဈေးကွက်ထဲ မရှိသလောက်ကို ရှားပါသွားပါတယ်။ စူပါမားကတ်တွေနဲ့ ဆေးဆိုင်တွေမှာ ဝယ်ယူဖို့ အခက်အခဲ ဖြစ်နေတဲ့ လက်သန့်ဆေးရည်တွေကို အရက်ချက် လုပ်ငန်းတွေကနေ ကိုယ်ပိုင်အရက်သုံးပြီး ထုတ်လုပ်ကာ ဝေငှပေးဖို့ စီစဉ်နေပါတယ်။

Atlanta မြို့မှာရှိတဲ့ Old Fourth Distillery ကနေ လက်သန့်ဆေးရည်တွေ ပြုလုပ်ပြီး မတ်လ ၁၂ ရက်နေ့ကစလို့ အခမဲ့ ပေးဝေမယ်လို့ ကြော်ငြာခဲ့ပါတယ်။ လက်ရှိမှာတော့ ဘူးအသေးစားလေးတွေပဲ ဝေငှပေးနိုင်ဦးမှာဖြစ်ပြီး ကိုယ်တိုင် ဘူးခွံအလွတ်နဲ့ လာယူလို့လည်းရတယ်လို့ ဆိုပါတယ်။

Old Fourth Distillery ကထုတ်တဲ့ လက်သန့်ဆေးရည်ဟာ အရမ်းကို နာမည်ကြီးသွားတာကြောင့် အချိန်ခဏလေး အတွင်းမှာ အကုန် ကုန်သွားခဲ့တာကြောင့် နောက်ထပ် ကုန်ကြမ်းပစ္စည်းတွေ ရောက်တဲ့အခါ လက်သန့်ဆေးရည်တွေ ထပ်ထုတ်ပေးဖို့ရှိတယ်လို့ ဆိုပါတယ်။

ဂျော်ဂျီယာပြည်နယ်၊ ကလေတန်မှာရှိတဲ့ Moonrise Distillery ကနေလည်း ကိုယ်ပိုင် ဂျင်နဲ့ ရှာစောင်းလက်ပပ်ကို အခြေခံကာ လက်သန့်ဆေးရည် ထုတ်ပြီး လက်ကို ရေနဲ့သန့်စင် ဆေးကြောလို့ မရတဲ့ နေရာတွေမှာ လက်သန့်ဆေးရည်က ကူညီပေးနိုင်မယ်လို့ သူတို့ရဲ့ ဆိုရှယ်မီဒီယာကတဆင့် ဝေမျှပေးထားပါတယ်။

လုပ်ငန်း နှစ်ခုလုံးကတော့ လိုအပ်နေတဲ့ လက်သန့်ဆေးရည်တွေအတွက် ကုန်ကျစရိတ်ကို မျှဝေလှူဒါန်းချင်တယ်ဆိုရင် လက်ခံသွားလည်းဖို့ ရှိပါတယ်။ ကယ်လီဖိုးနီးယားမြောက်ပိုင်း ဒါဟန်မှာရှိတဲ့ Durham Distillery ကတော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ပူးပေါင်းပြီး ဆေးရုံတွေအတွက် လိုအပ်တဲ့ လက်သန့်ဆေးရည်တွေ ကူညီလှူဒါန်းသွားဖို့ ရှိပါတယ်။

အီသနော ၇၀ ရာခိုင်နှုန်းနဲ့ ပေါင်းခံထားတဲ့ ရေကို ရောစပ်ထားတဲ့ လက်သန့်ဆေးရည်တွေကို ရောဂါသည်တွေနဲ့ အရာဝတ္ထုတွေကို အမြဲထိတွေ့ ကိုင်တွယ်နေရတဲ့ ဆေးရုံက ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအတွက် ပေးဝေသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

အိုရီဂွန်မှာရှိတဲ့ Shine Distillery ကနေ လိုအပ်နေတဲ့ လက်သန့်ဆေးရည်တွေကို ပစ္စည်းကုန်တဲ့အထိ ဝေငှပေးသွားမယ်လို့ ကြေညာထားပါတယ်။

Ref: edition.cnn

You may also like these stories:

ထိုင်ဝမ်ဆီက COVID-19 သင်ခန်းစာ

COVID-19 အကြောင်း ခန့်မှန်းခဲ့တဲ့ အကြားအမြင်ဆရာမ Sylvia Brown ရဲ့ စာအုပ်

ဘင်္ဂလားဒေ့ရှ်မှာ လူသောင်းချီ စုဝေးပြီး ကိုရိုနာဗိုင်းရပ်စ် နှင်ထုတ်ပွဲ ကျင်းပ

Loading