Trend

အရက်သောက်ခြင်းဟာ ကိုယ်ခံအားစနစ် အားနည်းစေပြီး ကိုရိုနာ ကူးစက်နိုင်ခြေ မြင့်တက်စေ

အရက်သောက်သုံးခြင်းဟာ ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာ ပိုမိုဖြစ်ပေါ် စေနိုင်တယ်ဆိုတာကို ယခင် လေ့လာမှုတွေတည်းက အတည်ပြုခဲ့ကြပါတယ်။

အခုနောက်ဆုံး ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ အရက်သောက်သုံးခြင်းဟာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို အားနည်းစေနိုင်တာကြောင့် ကူးစက်လွယ်ပြီး ပြန့်ပွားမှုနှုန်း မြန်ဆန်တဲ့ ကိုရိုနာဗိုင်းရပ်စ်လို ရောဂါမျိုးကို ဖြစ်နိုင်ခြေ မြင့်တက်စေနိုင်တယ်လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကာလမှာ စားသောက်ကုန် အပါအဝင် အိမ်သာသုံးစက္ကူတွေ၊ တာရှည်ခံအစားအစာတွေနဲ့ အယ်လ်ကိုဟော ပါဝင်တဲ့ အဖျော်ယမကာတွေ ပြတ်လပ်တဲ့အထိ ဝယ်လိုအား မြင့်တက်ခဲ့ပါတယ်။ အရက် သောက်သုံးခြင်းဟာ ကူးစက်ရောဂါတွေကို ခုခံကာကွယ်နိုင်တယ်လို့ လူအများက ထင်မှတ်ယူဆထားကြပြီး ဒါဟာ လွဲမှားနေကြောင်းကို ဆေးပညာရှင်တွေက လေ့လာမှုတွေနဲ့ ထောက်ပြ အကြံပြုထားပါတယ်။

ဒီလေ့လာမှုအတွက် အသက် ၂၇ နှစ်အရွယ် အပိုင်းအခြားရှိ အမျိုးသား၊ အမျိုးသမီးတွေကို အယ်လ်ကိုဟော ပါဝင်တဲ့ အဖျော်ယမကာ ၄ ခွက်ကနေ ၅ ခွက်ခန့်အထိကို သောက်သုံးစေခဲ့ပြီး မိနစ် ၂၀ ကြာတဲ့အခါ သွေးစစ်ဆေးမှုကို ပြုလုပ်ခဲ့ပါတယ်။

စစ်ဆေးမှုအရ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ သွေးဖြူဥဆဲလ်တွေရဲ့ လုပ်ဆောင်မှု စနစ်ဟာ ကျဆင်းသွားပြီး နောက်ထပ် ၂နာရီကနေ ၅ နာရီကြာမှာ ထပ်မံစစ်ဆေးတဲ့အခါ ခုခံအားစနစ်ကို လျော့နည်းစေတဲ့ Cytokines လို့ခေါ်တဲ့ ပရိုတင်းတမျိုး မြင့်တက်လာတာကို တွေ့ရှိခဲ့ရပါတယ်။

Maryland တက္ကသိုလ်နဲ့ Loyola တက္ကသိုလ်က လေ့လာသူတွေရဲ့ လေ့လာချက်တွေအရ အယ်လ်ကိုဟော သောက်သုံးခြင်းဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို အားနည်းစေနိုင်ပြီး အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရဲ့ လုပ်ငန်းစဉ်တွေကိုလည်း အားနည်းစေတာကြောင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်ခြေကို မြင့်တက်စေတာ ဖြစ်ပါတယ်။

Ref. www.dailymail.co

You may also like these stories:

အိမ်သာသုံးစက္ကူ ၁၀ နှစ်စာရှိတဲ့အတွက် ပြည်သူများ စိတ်မပူဖို့ ဒတ်ချ်ဝန်ကြီးချုပ်ပြော

လိုအပ်နေတဲ့ လက်သန့်ဆေးရည်တွေကို ဝေငှပေးသွားမယ့် အရက်ချက် လုပ်ငန်းရှင်များ

ထိုင်ဝမ်ဆီက COVID-19 သင်ခန်းစာ

Loading