တရုတ်နိုင်ငံရဲ့ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတွေက ဂျပန်နိုင်ငံမှာ အသုံးပြုနေတဲ့ တုပ်ကွေးရောဂါ ဆေးတမျိုး ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ကုသရာမှာ ထိရောက်မှုရှိတယ်ဆိုတဲ့ မှတ်ချက်စကားကို ဂျပန်မီဒီ ယာတွေက ဖော်ပြခဲ့ကြပါတယ်။
တရုတ်သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက တာဝန်ရှိသူ Zhang Xinmin က Fujifilm ရဲ့ အခွဲတခုဖြစ်တဲ့ Favipiravir ဆေးဟာ ဝူဟန်နဲ့ ရှန်ဇန်းက လူနာ ၃၄၀ ကိုစမ်းသပ်အသုံးပြုကြည့်တဲ့အခါ ကောင်းမွန်တဲ့ရလဒ်တွေ ထွက်ပေါ် ခဲ့တယ်လို့ ဆိုပါတယ်။
ရှန်ဇန်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာတွေဆိုရင် Favipiravir ဆေးအသုံးပြုပြီး ကုသခဲ့ရာ ၄ ရက်အကြာမှာ ရောဂါ ပျောက်ကင်းသက်သာသွားတာကို မြင်တွေ့ရပါတယ်။ တခြားဆေးအသုံးပြုကုသခဲ့သူတွေကတော့ ၁၁ ရက်ကြာမှ သက်သာပျောက်ကင်းတယ်လို့ NHK သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် ဓာတ်မှန်ရလဒ်တွေအရ Favipiravir ဆေးအသုံးပြုပြီး ကုသခဲ့တဲ့ လူနာတွေက တခြားဆေးနဲ့ ကုသခဲ့သူ တွေထက် အဆုတ်အခြေအနေ ပိုကောင်းတာကို တွေ့ရှိခဲ့ကြပါတယ်။ ၂၀၁၄ ခုနှစ်ကစပြီး Avigan လို့ လူသိ များတဲ့ အဆိုပါဆေး ထုတ်လုပ်ခဲ့တဲ့ Fujifilm Toyama Chemical က တာဝန်ရှိသူတွေကတော့ မှတ်ချက်တစုံ တရာမပေးခဲ့ပါဘူး။
ဂျပန်နိုင်ငံက ဆရာဝန်တွေကလည်း အဆိုပါဆေးဝါးကို ရောဂါလက္ခဏာပျော့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ရသူတွေကို စမ်းသပ်အသုံးပြုခဲ့ပြီး အခြေအနေထပ်မဆိုးလာဖို့အတွက် ကာကွယ်ပေးနိုင်မယ်လို့ မျှော်လင့်ထား ကြပါတယ်။
ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောပြချက်အရ အဆိုပါဆေးဟာ ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်စွာကူးစက်ခံရ သူတွေအတွက် ထိရောက်မှုမရှိဘူးလို့ ဆိုပါတယ်။ “ကျနော်တို့ ရောဂါဆိုးတဲ့ လူနာ ၇၀ ၈၀ လောက်ကို Avigan သုံးကြည့်ခဲ့ပေမယ့် အကျိုးရလဒ်ကောင်းတွေမရခဲ့ဘူး” လို့ ဆိုပါတယ်။
၂၀၁၆ ခုနှစ်က ဂီနီယာနိုင်ငံမှာ အီဘိုလာ ရောဂါပိုးကူးစက်ခံရသူတွေကို အရေးပေါ်ကယ်ဆယ်ဖို့အတွက် ဂျပန်အစိုးရ Avigan ဆေးကို ထောက်ပံ့ပေးခဲ့ဖူးပါတယ်။ Avigan ဆေးဟာ တုပ်ကွေးရောဂါအတွက်ပဲ ရည်ရွယ်ထုတ်လုပ် ထားတာဖြစ်လို့ ကိုရိုနာဗိုင်းရပ်စ် ကုသဖို့အသုံးပြုမယ်ဆိုရင် ဂျပန်အစိုးရရဲ့ ထောက်ခံချက်လိုအပ် ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနကတော့ အဆိုပါဆေးကို ထောက်ခံပေးနိုင်ဖို့ အစောဆုံးမေလလောက်မှာ အတည်ပြု နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ “ဆေးဘက်ဆိုင်ရာ သုတေသနရလဒ်တွေ ကြန့်ကြာနေရင်တော့ ထောက်ခံ ချက်ပေးဖို့ နောက်ကျပါလိမ့်မယ်” လို့ ဆိုပါတယ်။
Ref: The Guardian
You may also like these stories:
COVID-19 ကာကွယ်ရေးဆိုင်ရာ ဆေးပစ္စည်းနှင့် ဆေးဝါး ဈေးအပြောင်းအလဲ ဖြစ်နိုင်
COVID-19 အကြောင်း အွန်လိုင်းကနေ အခမဲ့ သင်ကြားပေးမယ့် သင်တန်း
ထိုင်းနိုင်ငံမှာ တံတွေးလိုက်ထွေးနေတဲ့ တရုတ်အမျိုးသမီး ဖမ်းဆီးခံရ