ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် လူ ၂ ဦးထက်ပိုတဲ့ စုဝေးမှုကို မပြုလုပ်ဖို့ တားမြစ်လိုက်ပြီလို့ သိရပါတယ်။ ဒီတားမြစ်ချက်ကို မတ်လ ၂၂ရက်နေ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဗဟိုအစိုးရနဲ့ ဒေသဆိုင်ရာအာဏာပိုင်များက တားမြစ်ချက်ကို သဘောတူညီစွာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီတားမြစ်ချက်ကို “ထိတွေ့မှု တားမြစ်ချက်”အဖြစ် ခေါ်ဆိုမှာဖြစ်တယ်လို့ သိရပါတယ်။
မိသားစုများနဲ့ အိမ်ထောင်စုတခုမှာ အတူနေထိုင်သူတွေက လွဲပြီး ဒီတားမြစ်ချက်မှာ အားလုံး အကျုံးဝင်မှာ ဖြစ်တယ်လို့ ဂျာမနီနိုင်ငံရဲ့ အဓိပတိဖြစ်သူ Angela Merkel က ပြောပါတယ်။ စားသောက်ဆိုင်များမှာ ထိုင်စားခွင့်တွေကိုလည်း ပိတ်ထားမှာဖြစ်တယ်လို့ သိရပါတယ်။
“ဘယ်သူ တဦးတယောက်ကမှ ရောဂါပျံ့နှံ့မှုတွေ မရှိခင် ဒီလို စည်းမျဉ်းတွေကို ထုတ်ပြန်ဖို့ အကြံပေးခဲ့တာမျိုး မရှိဘူး”လို့ အဓိပတိဖြစ်သူ Angela Merkel ကပြောပါတယ်။ Angela Merkel အနေနဲ့ မကြာသေးခင်က ကာကွယ်ဆေး အထိုးခံခဲ့ပေမယ့် ကာကွယ်ဆေး ထိုးပေးတဲ့ ဆရာဝန်မှာ ရောဂါ တွေ့ရှိတာကြောင့် ရောဂါခြေချုပ်နဲ့ နေထိုင်နေရတယ်လို့ သိရပါတယ်။
ဂျာမနီနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့် ရောဂါ ကူးစက်ခံရနိုင်တယ်လို့ ခန့်မှန်းထားပြီး မတ်လ ၂၂ ရက်နေ့အထိ ကူးစက်ခံရသူ ၂၄,၀၀၀ ဦး စစ်ဆေးတွေ့ရှိထားပြီး သေဆုံးသူ ၉၂ ဦးရှိတယ်လို့ ဂျာမနီအစိုးရက ထုတ်ပြန်ထားပါတယ်။
Ref. Foxnews
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သြစတြေးလျ လေကြောင်းလိုင်း ဝန်ထမ်းများ အလုပ်လက်မဲ့ဖြစ်
အီတလီမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရက်အတွင်း သေဆုံးသူ ၄၇၅ ဦးရှိ