တရုတ်နိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကို အကောင်းဆုံး ထိန်းချုပ်လာနိုင်တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၃ ရက်အတွင်း တရုတ်နိုင်ငံမှာ ရောဂါကူးစက်သူ လုံးဝ မရှိခဲ့ပေမယ့် စတုတ္ထမြောက်နေ့မှာတော့ ရောဂါ ကူးစက်ခံထားရသူ ၄၆ ယောက် တွေ့ရှိခဲ့တယ်လို့ တရုတ်အစိုးရက ကြေညာခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ဒေသတော်တော်များများမှာတော့ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာပါတယ်။
အခုဆိုရင်တော့ နိုင်ငံတကာမှာလည်း ရောဂါကာကွယ်နိုင်မယ့် ဆေးဝါးတွေကို အစွမ်းကုန် ကြိုးစားပြီးရှာဖွေနေကြပါတယ်။ ဘယ်အချိန်မှ ရောဂါပျောက်ကင်းအောင် ကုသနိုင်မယ့် ဆေးဝါး ရှာဖွေ တွေ့ ရှိမလဲ မသိနိုင်သေးပါဘူး။ ကျွမ်းကျင်တဲ့ ပညာရှင်တွေကတော့ ကြိုးစားပြီး ရှာဖွေနေကြပါတယ်။
COVID-19 ရောဂါဟာ အခုဆိုရင် ကမ္ဘာကို ခြိမ်းခြောက်လာတဲ့ ရောဂါတမျိုး ဖြစ်လာနေပါတယ်။ ကမ္ဘာတဝှမ်းမှာလည်း COVID-19 ရောဂါ ကူးစက်ခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေလည်း ရှိလာနေပါပြီ။ ဂျာမနီဝန်ကြီးချုပ်လည်း COVID-19 ကူးစက်ခံထားရတဲ့ ဆရာဝန်တယောက်နဲ့ တွေ့ဆုံခဲ့တဲ့အတွက် သီးခြား ခွဲထားပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံမှာ ရောဂါ ကူးစက်ခံထားရသူ စုစုပေါင်း ၈၁,၀၉၃ ယောက် ရှိနေပြီး ၃,၂၇၀ ယောက်သေဆုံးခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ လူသေဆုံးမှုနှုန်းက အီတလီနိုင်ငံလောက်တော့ မများပါဘူး။
တရုတ်မှာ ရောဂါကူးစက်ခံထားရသူ ၇၂,၇၀၃ ယောက်ကတော့ ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံမှာ ၃ ရက် ဆက်တိုက် ရောဂါကူးစက်သူ မရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ရောဂါကူးစက်ခံထားရသူတွေကို ပြန်လည် တွေ့ရှိလာရပါတယ်။
COVID-19 ကို ခုခံတဲ့ နေရာမှာ တရုတ်နိုင်ငံဟာ စံနမူနာထားသင့်တဲ့ နိုင်ငံတနိုင်ငံပါ။ နိုင်ငံအများစုကလည်း တရုတ်က အချက်အလက်တွေကို အခြေခံပြီး ကုသမှုတွေ ပြုလုပ်နေကြပါတယ်။
ဝူဟန်မြို့မှာလည်း ရောဂါထိန်းချုပ်နိုင်ပြီ ဖြစ်တဲ့အတွက် ဆရာဝန်တွေ အသုတ်ခွဲပြီး ဇာတိအရပ်ဆီကို ပြန်နေကြပါတယ်။ တကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင်တော့ လူပေါင်း ၃၃,၉၇၁၀ ယောက် ရောဂါကူးစက်ခံထားရပြီး လူပေါင်း ၁၄,၇၀၄ ယောက် သေဆုံးခဲ့ပါတယ်။ ရောဂါကူးစက်ခံထားရသူ ၉၉,၀၁၄ ယောက်ကတော့ ကျန်းမာရေးပြန်လည် ကောင်းမွန်လာခဲ့တယ်လို့ သိရပါတယ်။
Ref. xinhuanet
You may also like these stories:
ထိုင်းစစ်တပ်က ဘန်ကောက်ရှိ လမ်းများကို ညစဉ်ပိုးသတ်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာ လူပေါင်း ၈၀၀ နီးပါး နေ့စဉ် သေဆုံးနေ
ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ ဂျာမနီမှာ လူ ၂ ဦးထက် ပိုတဲ့ စုဝေးမှုကို တားမြစ်