Trend

Self-Quarantine ဆိုရင် ဘာလုပ်မလဲ၊ ဘယ်လိုနေမလဲ

လတ်တလော ကမ္ဘာတဝှမ်းမှာ ကူးစက် ပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကြောင့် နိုင်ငံအချို့မှာတော့ အသွားအလာတွေ ကန့်သတ် ပိတ်ပင်လိုက်ပြီး အိမ်မှာပဲ Self-Quarantine လုပ်လာကြပါတယ်။ Lockdown လုပ်လိုက်တဲ့ မြို့ကြီးတွေရှိသလို Self-Quarantine လုပ်မယ်ဆိုရင် ဘာတွေ သိထားသင့်သလဲ၊ ဘယ်လိုနေထိုင်ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

အိမ်မှာ Self-Quarantine လုပ်မယ်ဆိုရင် အိမ်ထဲမှာ နေမယ်။ အပြင်ကလူတွေနဲ့ ထိတွေ့ဆက်ဆံတာကို လုံးဝ ရှောင်ရှားရမယ်။ အိမ်ထဲမှာလည်း အခြား အိမ်သူအိမ်သားတွေနဲ့ ထိတွေ့ဆက်ဆံနေထိုင်ခြင်း မပြုလုပ်ရပါ။ ဖြစ်နိုင်မယ်ဆိုရင် သန့်ရှင်းရေးအတွက် ရေအိမ် (အိမ်သာ) ကို ကိုယ့်အတွက် သီးသန့်ထားပြီး သုံးနိုင်ရင် ပိုကောင်းပါတယ်။

(၁) မိမိရဲ့လက်ကို WHO ညွှန်ကြားထားတဲ့အတိုင်း ပုံမှန်မကြာခဏ ဆေးကြောပါ။

(၂) အခြားအိမ်သားတွေ ရှိနေရင်၊ အိမ်မွေးတိရိစ္ဆာန်တွေရှိနေရင် Mask မျက်နှာဖုံး ဝတ်ထားပါ။

(၃) ချောင်းဆိုးနှာစေးရင် အကာအကွယ်ယူပါ။ အဝတ်နဲ့အုပ်ပါ။

(၄) ဆရာဝန်နဲ့ အဆက်အသွယ် အမြဲယူထားပါ။

ဒါမှမဟုတ် အခြားသူတွေကိုလည်း ကာကွယ်တဲ့အနေနဲ့ မိမိကိုယ်ကိုလည်း ကာကွယ်တဲ့အနေနဲ့ Self-Isolation ၁၄ ရက် သီးခြားနေတာဆိုရင်

– အပျင်းပြေအောင် ကိုယ်နှစ်သက်တဲ့ ရုပ်ရှင်တွေ၊ TV စီးရီးတွေ၊ ဝတ္ထုစာအုပ်တွေ ကြည့်ပါ၊ ဖတ်ပါ။

– ကျန်းမာအောင်နေပါ၊ အိပ်ရေးဝအောင် အိပ်ပါ။

– Social Media သုံးလို့ရပါတယ်။ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ ဆက်သွယ်လို့ ရတယ်။ ဒါပေမဲ့ သတင်းမှားတွေ၊ ကောလဟာလတွေကို မဖတ်သင့်ဘူး။ သတင်း အရင်းအမြစ် ခိုင်မာတဲ့ သတင်းဌာနတွေကိုပဲ ယုံသင့်တယ်။ တချိန်လုံး ဖုန်းပေါ်မှာ Facebook ပေါ်မှာ မနေသင့်ဘူး။

– Yoga လုပ်လို့ ရတယ်။ အကကျင့်လို့ ရတယ်။ သီချင်းဆိုလို့ ရတယ်။ အပန်းဖြေနေတယ်လို့ သဘောထားပြီး ပန်းချီဆွဲလို့ရတယ်။ ပန်းထိုးလို့ ရတယ်။

– အိမ်ကို သန့်ရှင်းရေး ဒါမှမဟုတ် အခန်းကို သန့်ရှင်းရေး လုပ်လို့ရတယ်။ ခြံရှိရင် သစ်ပင်ပန်းပင် စိုက်လို့ရတယ်။

– တရားထိုင်လို့ ရတယ်။ မေတ္တာပို့လို့ရတယ်။ သီချင်းနားထောင်လို့ရတယ်။ အိမ်မှာနေရင်း အလုပ်လုပ်လို့ရတယ်။ ဒါ့အပြင် မိမိရဲ့ဝါသနာပါတဲ့အလုပ်တွေလုပ်ရင်း အချိန်ကို ကုန်ဆုံးလို့ရတယ်။

အခု ဖော်ပြပေးခဲ့တာကတော့ Self-Quarantine လုပ်တဲ့အခါ အိမ်မှာနေရင်း ပျင်းမနေဘဲ အချိန်ကို အကျိုးရှိရှိ အသုံးပြုနိုင်အောင်ပဲ ဖြစ်ပါတယ်။

You may also like these stories:

ဆားကို အသုံးပြုပြီး သန့်ရှင်းရေး လုပ်ကြမယ်

သွားကျန်းမာရေးပြဿနာတွေ မဖြစ်ပေါ်စေဖို့ သတိထားသင့်တဲ့အချက်များ

အစားအသောက်မဟုတ်ပေမယ့် ရေခဲသေတ္တာထဲ ထည့်သိမ်းဆည်းထားနိုင်တဲ့ အရာများ

Loading