လက်ဝှေ့သမားဟောင်းဖြစ်တဲ့ ပက်ကွီအို (Manny Pacquiao) ဟာ သူ့အနေနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ကြုံတွေ့နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ပျံ့နှံ့မှုတွေကို တတ်နိုင်သလောက် ကူညီပေးသွားမှာဖြစ်ပြီး သေဆုံးဖို့ကိုလည်း မကြောက်ဘူးလို့ ပြောကြားခဲ့ကြောင်း ဒေသခံသတင်းစာတွေက ဖော်ပြပါတယ်။
သူဟာ၂၀၁၀ ခုနှစ်ကတည်းက နိုင်ငံရေးလောကကို စတင်ဝင်ရောက်လာခဲ့ပြီး ပြည်နယ်ရွေးကောက်ပွဲတွေမှာလည်း ပါဝင်ရွေးကောက်ခံခဲ့သူဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ လွှတ်တော်အမတ်အဖြစ် သူဟာ ရွေးကောက်ခံခဲ့ရပါတယ်။
ပက်ကွီအိုက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က Manila Bulletin သတင်းစာနဲ့ တွေ့ဆုံချိန်မှာ သူ့အနေနဲ့ ပြည်သူတွေကို စိုးရိမ်ကြောင်းနဲ့ နိုင်ငံတွင်း ရောဂါဖြစ်ပွားမှုတွေနဲ့ ပတ်သက်ပြီး ထိန်းချုပ်လိုကြောင်း ပြောကြားခဲ့ပါတယ်။
“တကယ်လို့ ခင်ဗျားက ခေါင်းဆောင်တယောက်ဆိုရင် ခင်ဗျားအနေနဲ့ ရှေ့တန်းကနေ ကူညီသွားရမှာပါပဲ။ လူတွေကို ခေါင်းဆောင်လုပ်နေရတဲ့အချိန်မှာ ခင်ဗျားက သူတို့နားမှာ ရှိနေဖို့ သင့်တယ် မလား။ ကျနော်က ဆင်းရဲတဲ့ မိသားစုက ကြီးပြင်းလာရတာ။ ဆင်းရဲတဲ့ ဘဝတွေကို ကျနော်ကောင်းကောင်းနားလည်တယ်”လို့ သူက ဆိုထားပါတယ်။
ပက်ကွီအိုအနေနဲ့ Mask ပေါင်း ၆၀၀,၀၀၀ ကို လှူဒါန်းခဲ့ပြီး လူထုအား အသိပညာပေးခြင်းတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Ref. insider.com
You may also like these stories:
ထိုင်းမှ လွှဲပေးသည့် မြန်မာ ၉၂ ဦးတွင် ကိုရိုနာစောင့်ကြည့်လူနာ ၁၁ ဦးတွေ့
ကိုရိုနာဂယက် လေကြောင်းလိုင်းတွေ အကျပ်
စီးပွားရေး ထိခိုက်မှု ကုစားရန် ကျပ် ၁၀၀ ဘီလီယံ အစိုးရ ထုတ်ချေးမည်