တကမ္ဘာလုံးအတိုင်းအတာနဲ့ ကူးစက် ပြန့်ပွားမှုနှုန်း မြန်ဆန်တဲ့ COVID-19 ကိုရိုနာဗိုင်းရပ်စ်ကို လက်ရှိအချိန်မှာ ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားပြီး ကာကွယ်ဆေး မရှိသေးတဲ့ ဒီဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့အတွက် လိုက်နာရမယ့် အချက်တွေထဲမှာ Social Distancing ဟာလည်း အရေးပါပါတယ်။
Social Distancing လုပ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ရောဂါကူးစက်နိုင်ခြေကို လျှော့ချဖို့နဲ့ ကာကွယ်ဖို့အတွက် ပညာရှင်တွေက လမ်းညွှန် အကြုံပြုထားတာဖြစ်ပြီး Social Distancing ရဲ့ အဓိပ္ပာယ်ကတော့ လူအချင်းချင်း တွေ့ဆုံခြင်းတွေကို တတ်နိုင်သမျှ မလုပ်ဖို့ပဲ ဖြစ်ပါတယ်။
တယောက်နဲ့ တယောက် လက်ဆွဲနှုတ်ဆက်တာ၊ ပွေ့ဖက် နမ်းရှုပ်တာ၊ နီးနီးကပ်ကပ် စကားပြောဆိုတာ စတာတွေကို အဓိက ရှောင်ကြဉ်ရမှာဖြစ်ပြီး မဖြစ်မနေ တွေ့ဆုံ ပြောဆိုကြရမယ်ဆိုရင်လည်း လူတယောက်နဲ့ တယောက်ကြား အနည်းဆုံး ၃ ပေကနေ ၆ ပေအထိ အကွာအဝေးရှိသင့်တယ်လို့ WHO နဲ့ နိုင်ငံလုံးဆိုင်ရာ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ကုသရေးစင်တာတို့က ထုတ်ပြန်ထားပါတယ်။
နှာစေးချောင်းဆိုး ဖျားနာနေသူတွေနဲ့ ၆ ပေအကွာကနေ နေဖို့ ဆေးပညာရှင်တွေက အကြံပြုထားပြီး လက်ရှိအချိန်ဟာဆိုရင် တဦးနဲ့တဦး ထိတွေ့မှုတိုင်းကို သတိပြုဖို့ လိုအပ်နေတဲ့ အချိန်ကာလတခုလည်း ဖြစ်ပါတယ်။ Social Distancing ပြုလုပ်ဖို့ဆိုတာ နေ့စဉ်လှုပ်ရှား ရုန်းကန်နေရသူတွေအဖို့ လွယ်ကူတဲ့ ကိစ္စတခုတော့ မဟုတ်ပေမယ့် အခုဖော်ပြပေးမယ့် နည်းလမ်းတွေနဲ့ လျှော့ချပေးနိုင်ပါတယ်။
(၁) တကိုယ်ရည်သုံး ပစ္စည်းတွေကို မျှဝေသုံးစွဲတာမျိုး ရှောင်ကြဉ်ပါ
မိမိတကိုယ်ရည် တကာယသုံး အသုံးအဆောင်တွေကို အခုလိုအချိန်မှာ တဦးနဲ့တဦး မျှဝေ မသုံးစွဲတာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။
(၂) တတ်နိုင်သမျှ အိမ်ထဲမှာ နေပါ
လူထူထပ်တဲ့နေရာတွေကို မလိုအပ်ဘဲ သွားလာတာမျိုးတွေ ၊ လူစုလူဝေးရှိတဲ့ နေရာတွေမှာ တွေ့ဆုံပြောဆိုတာမျိုးတွေ စတာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။
(၃) တွေ့ရာကြုံရာ နေရာမှာ တံတွေးထွေးတာ သလိပ်ဟပ်တာမျိုးတွေကို ရှောင်ကြဉ်ပါ
လူအများစု အမှုမဲ့၊ အမှတ်မဲ့ လုပ်တတ်ကြတဲ့ အလေ့အထတခုဖြစ်ပြီး အခုလို အခြေအနေမှာတော့ ဒီအကျင့်ကို ကြိုးစား ပြင်ဆင်သင့်ပါတယ်။
(၄) အများသုံးပစ္စည်းတွေကို ကိုင်တွယ်ပြီးတဲ့အခါ လက်ဆေးပါ
တံခါးလက်ကိုင်ဘုတွေ၊ လှေကားလက်ရန်းတွေ၊ ဘတ်စ်ကား လက်ကိုင်ကွင်းတွေနဲ့ ထိတွေ့ကိုင်တွယ်ပြီးတဲ့အခါ ချက်ချင်း လက်ဆေးဖို့ မမေ့လျော့သင့်ပါဘူး။
(၅) နေမကောင်းဖြစ်နေရင် အိမ်ထဲမှာပဲ နေပါ
ဒီလိုအချိန်ကာလမှာ ရိုးရိုးသာမန် ဖျားနာတာမျိုးဆိုရင်တောင် အပြင်ကိုလုံးဝ မထွက်သင့်ဘဲ တတ်နိုင်သမျှ အိမ်ထဲမှာပဲ နေသင့်ပါတယ်။ လိုအပ်တဲ့ ဆေးဝါးကုသမှုခံယူပြီး မိသားစုဝင်တွေနဲ့လည်း ခပ်ခွာခွာနေသင့်ပါတယ်။
Ref. www.cepn.net
You may also like these stories:
ကိုဗစ် Stress ဘေးက ကင်းဝေးကြပါစေ
တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှု စတင်
ရန်ကုန်တိုင်းလူမှုရေးဝန်ကြီးကို Home Quarantine လုပ်ရန် ကျန်းမာရေးဌာန ညွှန်ကြား