ထိုင်းနိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကာကွယ်ဖို့အတွက် လာမယ့် ၂၆ ရက် (ကြာသပတေးနေ့)က စပြီး အရေးပေါ် အခြေအနေ ကြေညာသွားမှာ ဖြစ်ပြီး ဗိုင်းရပ်စ် စစ်ဆေးရေးတွေလည်း ပြုလုပ်သွားမယ်လို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ပြောပါတယ်။
အရေးပေါ်အခြေအနေ သတ်မှတ်ခြင်းဟာ ၁ လခန့် ကြာမြင့်နိုင်တယ်လို့ ထိုင်းအစိုးရရဲ့ ပြောရေး ဆိုခွင့်ရှိသူ Narumon Pinyosinwat ရဲ့ ပြောကြားချက်အရ သိရပါတယ်။
ထိုင်းရုပ်သံလိုင်းများမှတဆင့် ပြောကြားခဲ့တဲ့ ထုတ်ပြန်ချက်မှာ ဝန်ကြီးချုပ်က “နေရပ်ကို မပြန်ဖို့ တိုက်တွန်း ချင်ပါတယ်။ နေရပ်ပြန်ဖို့အတွက် ကန့်သတ်ချက်တွေ ပြုလုပ်သွားမှာ ဖြစ်ပြီး လိုက်နာခြင်း မရှိပါက ပြစ်ဒဏ် ချမှတ်ခြင်းကို ခံရပါမယ်”
“နေရပ်ကို ပြန်ခြင်းကြောင့် ရောဂါပြန့်ပွားမှုတွေ ပိုပြီး ဖြစ်နိုင်ပါတယ်။ လက်ရှိ နေထိုင်နေတဲ့ နေရပ်မှာပဲ ရောဂါ ခြေချုပ်ကို ပြုလုပ်ပေးပါ။ လိုအပ်တဲ့ ထောက်ပံ့မှုတွေကို အစိုးရနဲ့ ဒေသခံအဖွဲ့အစည်းတွေက ထောက်ပံံ့ပေးသွားမှာ ဖြစ်ပါတယ်”လို့ သူက ပြောကြားခဲ့ပါတယ်။
“ရောဂါကူးစက်မှုတွေ အရမ်းများနေတယ်။ ခင်ဗျားတို့အနေနဲ့ အစိုးရရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာဖို့ လိုတယ်။ တကယ်လို့ အခုလို သတ်မှတ်တာတွေက အဆင်မပြေဘူးဆိုရင်တော့ ထိုင်းနိုင်ငံ တခုလုံးကို ပိတ်ချလိုက်ရလိမ့်မယ်”လို့ ဝန်ကြီးချုပ်က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အခုလို အရေးပေါ်အခြေအနေ သတ်မှတ်ထားချိန်တွေမှာ ပြည်သူတွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ သတင်းအမှား ဖြန့်ချိမှုတွေ မပြုလုပ်ကြဖို့၊ လူမှုကွန်ရက်မှာ တွေ့သမျှကို မယုံကြည်ကြဖို့နဲ့ သတင်းအမှား ဖြန့်ချိသူများကို ဖမ်းဆီးအရေးယူသွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ကုန်ပစ္စည်းများကို ဈေးတင်ရောင်းသူများကိုလည်း အရေးယူမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး အရေးပေါ်အခြေအနေအတွင်း လူစုဝေးမှု ပြုလုပ်ခြင်းများ၊ အများသုံး သယ်ယူပို့ဆောင်ရေး အသုံးပြုခြင်းများ ကိုလည်း ကန့်သတ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref. Bangkok Post
You may also like these stories:
ဘဏ်တိုးနှုန်းလျှော့ချမှုအပေါ် သူတို့ ဘယ်လိုမြင်လဲ
အမေရိကန်ကို Covid-19 စမ်းသပ်ကိရိယာနဲ့ Mask တွေ လှူဒါန်းဖို့ ဂျက်မား ကမ်းလှမ်း
အရေးပေါ်အခြေအနေ ဒေါ်နယ်ထရမ့် ကြေညာ