Trend

ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှုကနေ လူဦးရေ ၁ သိန်းကျော် ပြန်လည်သက်သာ

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများလာသလိုပဲ တဖက်မှာလည်း ကမ္ဘာ့အနှံ့ ရောဂါပြန်သက်သာလာသူ ၁၀၀,၀၀၀ ကျော်သွားပြီလို့ Johns Hopkins တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စတင်ကူး စက်ခဲ့တဲ့ တရုတ်နိုင်ငံမှာ ဗိုင်းရပ်စ် ၈၁,၄၀၀ ကူးစက်ခံခဲ့ရပါတယ်။

ကူးစက်မှုနှုန်းများခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံမှာလည်း ယခုအခါမှာ သုံးပုံတပုံလောက် ပြန်လည်သက်သာလာနေကြပါပြီ။ ဥရောပနိုင်ငံရဲ့ ရောဂါကူးစက်ရာ ပင်မနေရာဖြစ်ခဲ့တဲ့ အီတလီနိုင်ငံမှာတောင် ကူးစက်သူတွေ များနေပေမယ့်လည်း ပြန်လည် သက်သာလာသူတွေလည်း တိုးပွားလာပါတယ်။

တရုတ်နိုင်ငံမှာတော့ လူ ၇၀,၀၀၀ ကျော် ပြန်လည် သက်သာလာတဲ့ထဲက ၅၉,၀၀၀ ဟာ စတင်ဖြစ်ပွားခဲ့ရာ ဟူဘေးပြည်နယ်က ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ မတ်လ ၂၂ ရက်ကတော့ ပြည်တွင်းကူးစက်မှု မရှိခဲ့သလောက် ဖြစ်ခဲ့တာပါ။ ဒါကလည်း လူဦးရေ ၁၁ သန်းရှိတဲ့ ဝူဟန်မြို့ကို ဇန်နဝါရီလတည်းက ပိတ်ဆို့ထားတာကြောင့်လည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ကူးစက်မှု လျော့နည်းသွားတယ်ဆိုပေမယ့် ရှန်ဟိုင်းမှာ ၁၄ ယောက်၊ ဘေဂျင်းမှာ ၁၃ ယောက်နဲ့ တနိုင်ငံလုံး ၄၆ ခု ထပ်တိုးလာပါသေးတယ်။ ဒါပေမဲ့လည်း တရုတ်နိုင်ငံဟာ ဗိုင်းရပ်စ် အဓိက ပျံ့နှံ့နိုင်တဲ့ နိုင်ငံတကာလေကြောင်းတွေကို ရပ်နားထားဆဲဖြစ်ပြီး ဘေဂျင်းကို သွားမယ့်သူတွေဆိုလည်း လေဆိပ်မှာ ကျန်းမာရေး စစ်ဆးမှုတွေ ခံယူရမှာပါ။

တရုတ်နိုင်ငံပြီးရင် အများဆုံး ကူးစက်ခံလိုက်ရတဲ့ တောင်ကိုရီးယားနိုင်ငံမှာတော့ လူဦးရေ ၉၀,၀၀၀ ကျော် ကူးစက်ခံခဲ့ရပေမယ့် ပျံ့နှံ့မှုကတော့ နှေးကွေးသွားပြီလို့ ဆိုပါတယ်။ လူနာ ၃,၅၀၀ ကျော်ဟာ ယခုအခါ ပြန်လည် ကောင်းမွန်သက်သာလာပြီး မတ်လ ၂၂ ရက်မှာတော့ ထပ်တိုး ၆၄ ယောက်ပဲ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အမြင့်ဆုံးအဖြစ် ဖေဖော်ဝါရီ ၂၉ ရက်မှာ တနေ့တည်း ၉၀၉ ဦး ကူးစက်ခံရပြီးနောက်ပိုင်း အခုချိန်မှာတော့ ကူးစက်ခံ ၁၀၀ အောက် လျော့နည်းလာတာ ၁၂ ရက် ဆက်တိုက် ရှိသွားပါပြီ။ ၁၅ ရက်ကြာ တယောက်နဲ့ တယောက် ခပ်ခွာခွာနေဖို့ သတ်မှတ်လိုက်ပြီးနောက် အခုလို လျော့နည်းသွားခဲ့တာလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ တရုတ်နိုင်ငံပြီးရင် သေဆုံးသူ အများဆုံးဖြစ်နေတဲ့ အီတလီနိုင်ငံမှာတော့ စဖြစ်တည်းက ၆,၀၀၀ ကျော် သေဆုံးခဲ့ပါပြီ။ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံထက်တောင် များပြီး ကမ္ဘာမှာ သေဆုံးသူ အများဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ကူးစက်မှု လျော့နည်းသွားအောင် အီတလီတနိုင်ငံလုံးကို Lockdown ချထားရပါတယ်။

Ref: Newsweek

 

Did you find apk for android? You can find new Free Android Games and apps.
Loading