ထိုင်းလေဆိပ် တာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံအတွင်းကို ဝင်ရောက်မယ့် ခရီးသည် အယောက် ၁၀၀ ကို ဝင်ခွင့်ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ၁၀၀ ဦးထဲက ၇၃ ဦးဟာ နိုင်ငံအတွင်းကို ဝင်ဖို့ ခိုင်လုံတဲ့ ကျန်းမာရေး အထောက်အထား စာရွက်တွေ မရှိတာကြောင့်ဖြစ်ပြီး ရောဂါပျံ့နှံ့မှာ စိုးရိမ်တာကြောင့် ဝင်ခွင့်မပေးတာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထိုင်းနိုင်ငံရှိ လေဆိပ်များမှ တဆင့် ထိုင်းနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ ခရီးသည် ၄,၅၃၃ ဦးရှိတယ်လို့ ရောဂါထိန်းချုပ်ရေးဌာနရဲ့ တာဝန်ရှိသူ Dr Kajornsak Kaewcharat က ပြောပါတယ်။
ထိုင်းနိုင်ငံကို ဝင်ရောက်မယ့် ထိုင်းနိုင်ငံသားများရော နိုင်ငံခြားသားများမှာပါ ခိုင်မာတဲ့ ကျန်းမာရေးအထောက်အထား ပါဝင်မှ ပေးဝင်မှာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ စစ်ဆေးထားတဲ့ စာရွက် ပါရမယ့်အပြင် ခရီးသွားဖို့အတွက် ကျန်းမာရေးလည်း ကောင်းနေရမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နိုင်ငံခြားသားများ ယူလာရမယ့် အထောက်အထားစာရွက်ဟာ လေယာဉ် မထွက်ခွာမီ ၇၂ နာရီအတွင်းက ရရှိထားတဲ့ စာရွက်ဖြစ်ဖို့ လိုအပ်ပြီး ထိုင်းနိုင်ငံသားတွေ အနေနဲ့ကတော့ နိုင်ငံအတွင်းကို ပြန်ရောက်တဲ့အခါ အိမ်မှာ ၁၄ ရက်တိတိ ရောဂါခြေချုပ်နဲ့ နေထိုင်မှာ ဖြစ်ကြောင်း ရေးသားထားတဲ့ စာရွက်ဖြစ်ရမယ်လို့ သိရပါတယ်။
ထိုင်းအစိုးရအနေနဲ့ နိုင်ငံတွင်းခရီးသွားလာမှုကတဆင့် ရောဂါကူးစက်မှုတွေ ထိန်းချုပ်နိုင်ဖို့ ကျွမ်းကျင်သူများနဲ့ ပူးပေါင်းလုပ်ဆောင်နေပြီး နယ်စပ်ဂိတ် အားလုံးကိုလည်း ပိတ်ထားပြီဖြစ်တယ်လို့ သိရပါတယ်။ မတ်လ ၂၃ရက်နေ့နဲ့ ၂၄ ရက်နေ့များမှာတော့ ဇာတိနိုင်ငံကို ပြန်ချင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေအတွက် နယ်စပ်ဂိတ်အချို့ကို ဖွင့်ထားပေးခဲ့တယ်လို့ သိရပါတယ်။
Ref. Bangkok Post
You may also like these stories:
COVID-19 လူနာ ၂ ဦး တွေ့ခဲ့တာကြောင့် နီပေါနိုင်ငံ တပတ်ကြာ Lockdown လုပ်မည်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် “Wonder Woman 1984” ရုပ်ရှင် ရုံတင်ရက် ရွှေ့ဆိုင်း
ချင်းပြည်နယ်ကို ကိုယ့်သဘောဆန္ဒနဲ့ သွားရောက် တာဝန်ထမ်းဆောင်မယ့် မြန်မာဆရာဝန်များ