တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကို တရုတ်အစိုးရက အကောင်းဆုံး ထိန်းချုပ်နိုင်ထားနိုင်ပြီးတော့ တရုတ်အစိုးရအနေနဲ့ နိုင်ငံတကာကို COVID-19 ကာကွယ်ရေးပစ္စည်းတွေ လှူဒါန်းနေတာကိုလည်း တွေ့ရပါတယ်။
အခုဆိုရင် COVID-19 စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့က ကျန်းမာရေးကောင်းမွန်သူတွေကို တခြားပြည်နယ်နဲ့ မြို့တွေဆီကို ခရီးထွက်ခွင့်ပြုတော့မယ်လို့ သိရပါတယ်။ COVID-19 ကပ်ဆိုးကြီးကို ကျော်ဖြတ်ပြီးတဲ့နောက် ဝူဟန်မြို့က လုပ်ငန်းတွေလည်း အရင်ကအတိုင်း၊ ကုမ္ပဏီတွေကလည်း ပုံမှန်အတိုင်း ပြန်လည်ပတ်နေတယ်လို့ သိရပါတယ်။
ဒီကနေ့ အချိန်မှာတော့ COVID-19 ကပ်ရောဂါရဲ့ ဗဟိုချက်ဟာ တရုတ်နိုင်ငံမှာ မဟုတ်တော့ဘဲ ဥရောပ နိုင်ငံတွေ ဖြစ်လာပါတယ်။ ဥရောပနိုင်ငံတွေဟာ COVID-19 ကပ်ရောဂါကို အပြင်းအထန် ခံစားနေရသလို အမေရိကန်နိုင်ငံမှာလည်း လူသေဆုံးမှု များပြားလာနေပါတယ်။
တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်ဟာ COVID-19 ကြောင့် Lockdown လုပ်ခံထားရပေမယ့် ဧပြီ ၈ ရက်နေ့မှာတော့ Lockdown ပြန်လည် ရုတ်သိမ်းသွားမယ်လို့ တရုတ်အစိုးရ ကြေညာထားပါတယ်။ အခုအချိန်မှာတော့ COVID-19 ကိုထိန်းချုပ်နိုင်ပြီးဖြစ်တဲ့အတွက် ဝူဟန် မြို့သူမြို့သားတွေဟာ ပုံမှန်အတိုင်းသွားလာလို့ ရနေပါပြီ။
ယာဉ်မောင်းနှင်သူတွေနဲ့ လိုက်ပါစီးနင်းသူတွေကို COVID-19 နဲ့ ပတ်သက်ပြီး ကျန်းမာရေး စစ် ဆေးမှု ခဏတာ ပြုလုပ်ပြီး ဝူဟန်မြို့အတွင်း သွားလာခွင့်ပြုလိုက်ပြီလို့လည်း သိရပါတယ်။ ဘတ်စ်ကားစီးသူတွေ အနေနဲ့လည်း ကျန်းမာရေး ကောင်းမွန်ကြောင်း အစိမ်းရောင် ကတ်ပြား ကိုင်ဆောင်ပြီး စီးနင်းနိုင်ကြပါပြီ။
ဒီကနေ့အချိန်မှာတော့ ဝူဟန်မြို့က စတင်ခဲ့တဲ့ COVID-19 ကပ်ဆိုးကြီးကို ဝူဟန်မြို့က အကောင်းဆုံးအနေအထားနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီး လုပ်ငန်းတွေ ပြန်လည်ပတ်နေပြီ ဖြစ်တဲ့အတွက် အားရစရာ အနေအထားတခုကို ရောက်လာခဲ့ပါပြီ။
တရုတ်အစိုးရရဲ့ ဖော်ပြချက်အရ တပတ်တာ ကာလအတွင်း ဝူဟန်မြို့မှာ COVID-19 ရောဂါကူးစက်သူ မရှိဘူးလို့ သိရပါတယ်။ ကျန်းမာရေး ကောင်းမွန်သူတွေကိုလည်း ဧပြီလ ၈ ရက်နေ့ကစပြီး ဝူဟန်မြို့ အတွင်းက ထွက်ခွာခွင့် ပေးပါတော့မယ်။
ဒီကနေ့အချိန်ထိတော့ တကမ္ဘာလုံးမှာ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၄၂၃,၇၂၄ ယောက်ရှိနေပြီး သေဆုံးသူ စုစုပေါင်း ၁၈,၉၂၅ ယောက် ရှိသွားခဲ့ပါပြီ။
Ref. BBC, Xinhua
You may also like these stories:
COVID-19 လူနာ ၂ ဦး တွေ့ခဲ့တာကြောင့် နီပေါနိုင်ငံ တပတ်ကြာ Lockdown လုပ်မည်
ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှုကနေ လူဦးရေ ၁ သိန်းကျော် ပြန်လည်သက်သာ
မြန်မာနိုင်ငံကို လာရောက်မယ့် ခရီးသွားတွေအတွက် စည်းကမ်းများ တင်းကြပ်စွာ ထုတ်ပြန်