အပြာရုပ်ရှင် ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ Pornhub ဟာ တကမ္ဘာလုံးကို ပရီမီယမ်ဝန်ဆောင်မှု အခမဲ့ကြည့်ရှုခွင့်ပေးသွားမယ်လို့ သိရပါတယ်။ မတ်လ ၂၄ ရက်နေ့က စတင်ခဲ့တဲ့ ဒီဝန်ဆောင်မှုကို အသုံးပြုချင်သူတွေအနေနဲ့ “Stay home” ဆိုတဲ့ စာကို ထည့်သွင်း ရိုက်ရမှာ ဖြစ်ပါတယ်။
“အခုအချိန်မှာ ကမ္ဘာအနှံ့က လူပေါင်းများစွာက နေအိမ်တွေမှာ နေထိုင်ပြီး ရောဂါခြေချုပ် ယူနေရတာကြောင့် ကျနော်တို့အနေနဲ့ နေအိမ်မှာ နေထိုင်နေရတဲ့ သူတွေကို ပျော်ရွှင်စရာ အချိန်တွေ ပေးဖို့ လိုအပ်ပါတယ်။ ကျနော်တို့အနေနဲ့ ပရီမီယမ်ဝန်ဆောင်မှုကို ကမ္ဘာအနှံ့မှာ ပေးထားမှာ ဖြစ်ပါတယ်။ အိမ်မှာ နေချင်အောင် လုပ်ပေးဖို့ အခုလို ဝန်ဆောင်မှုကို ပေးတာ ဖြစ်ပါတယ်”
“ခင်ဗျားတို့အနေနဲ့ အိမ်မှာနေရတဲ့ အချိန်မှာ စိတ်ချမ်းသာမှုတွေ ရသင့်တယ် မဟုတ်လား”လို့ Pornhub ကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌ Corey Price က ပြောပါတယ်။
လက်ရှိမှာ ကမ္ဘာတဝှမ်း ရောဂါခြေချုပ်ကြောင့် အပြင်မထွက်နိုင်တာကြောင့် ပညာရေး ဝက်ဘ်ဆိုက်တွေမှာလည်း အခမဲ့ သင်ကြားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ Pornhub အနေနဲ့ ကပ်ဆိုက်မှုပြီးတဲ့နောက်မှာ ကြုံတွေ့လာရမယ့် စီးပွားရေး ထိခိုက်မှုတွေကိုလည်း တတ်နိုင်သလောက် ကူညီပေးသွားမယ်လို့ သိရပါတယ်။
Pornhub မှာ အလုပ်လုပ်နေကြတဲ့ အပြာမင်းသား၊ မင်းသမီးတွေကလည်း ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ချိန်တွေမှာ အပြာရုပ်ရှင်က ရရှိတဲ့ အကျိုးအမြတ်တွေကို လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြီး နှာခေါင်းစည်းများလည်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Ref. mashable.com
You may also like these stories:
COVID-19 စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့မှာ လုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်
ခရီးသည် အယောက် ၁၀၀ ကို ပြည်ဝင်ခွင့် ပိတ်ခဲ့တဲ့ ထိုင်းနိုင်ငံ
COVID-19 လူနာ ၂ ဦး တွေ့ခဲ့တာကြောင့် နီပေါနိုင်ငံ တပတ်ကြာ Lockdown လုပ်မည်