အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူပေါင်း ၆၀၀ နီးပါး ရှိသွားပါပြီ။ အိန္ဒိယနိုင်ငံဟာ လူဦးရေထူထပ်တဲ့ နိုင်ငံတနိုင်ငံပါ။ ဒီနေ့အထိ COVID-19 ကြောင့် အိန္ဒိယနိုင်ငံမှာ လူ ၁၁ ယောက် သေဆုံးခဲ့ပြီလို့ သိရပါတယ်။ ဒါကြောင့်လည်း မတ်လ ၂၅ ရက်နေ့ကစပြီး ၃ ပတ်ကြာတဲ့အထိ မလိုအပ်ဘဲ အိမ်ပြင်မထွက်ဖို့ အိန္ဒိယအစိုးရက ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။
ကျွမ်းကျင်တဲ့ ပညာရှင်တွေကလည်း အိန္ဒိယနိုင်ငံမှာ သန်းပေါင်းများစွာသော လူတွေ နေထိုင်နေကြတဲ့အတွက် COVID-19 ကို ထိန်းချုပ်ဖို့ အချိန်ရှိသေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း သီတင်း ၃ ပတ်ကြာ အိမ်ပြင်မထွက်ဖို့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ကို နိုင်ငံတကာက ပညာရှင်တွေကလည်း ကြိုဆိုလိုက်ပါတယ်။
ဒီနေ့ မနက်ခင်း ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ကမ္ဘာတဝန်း COVID-19 ကူးစက်ခံနေရသူပေါင်း ၄၇၅,၂၇၁ ယောက်ရှိနေပြီး သေဆုံးသူစုစုပေါင်း ၂၁,၂၉၈ ယောက် ရှိသွားပြီလို့ သိရပါတယ်။ COVID-19 နဲ့ ပတ်သက်တဲ့ လူနာတွေကို ထိတွေ့ကိုင်တွယ်နေရတဲ့ အိန္ဒိယနိုင်ငံရဲ့ ဆရာဝန်နဲ့ သူနာပြုတွေမှာ လုံခြုံစိတ်ချရတဲ့ ပစ္စည်းကိရိယာတွေ ရှိတယ်လို့ အိန္ဒိယအစိုးရက ထုတ်ပြန်ထားပါတယ်။
အခုလို ၃ ပတ်ကြာတဲ့အထိ မလိုအပ်ဘဲ “အိမ်ပြင်မထွက်ရ”ဆိုတဲ့ ကြေညာချက်ဟာ အိန္ဒိယနိုင်ငံအတွက်တော့ ကြီးမားတဲ့ ကြေညာချက်တရပ်ပါပဲ။ လူဦးရေ ဘီလီယံချီပြီး ရှိနေတဲ့အတွက် COVID-19 အန္တရာယ်ဟာ အိန္ဒိယနိုင်ငံအတွက် အရေးကြီးတဲ့ ပြဿနာတရပ် ဖြစ်လာပါတယ်။
အိန္ဒိယဝန်ကြီး ချုပ် နာရန်ဒရာမိုဒီကလည်း မလိုအပ်ဘဲ လူစုလူဝေးတွေ မပြုလုပ်ကြဖို့ နိုင်ငံသားတွေကို တိုက်တွန်း ထားပါတယ်။ COVID-19 ရောဂါဟာ လူတွေကို အလွယ်တကူ ကူးစက်တတ်တဲ့ ရောဂါတမျိုးပါ။ ဒါကြောင့်လည်း လူတွေအနေနဲ့ သက်ဆိုင်ရာအစိုးရရဲ့ကြေညာချက်တွေကို အထူးဂရုစိုက်ပြီးလိုက်နာသင့်ပါတယ်။
Ref. BBC
You may also like these stories:
ဗြိတိန်တော်ဝင် မင်းသားချားစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
အချိန်နှောင်းမှ ကုသမှုခံယူသောကြောင့် COVID-19 ဖြင့် အများစုသေဆုံးရ
COVID-19 ကာလမှာ အပြင်မသွားကြဖို့ တိုက်တွန်းလိုက်တဲ့ သရုပ်ဆောင် ဇဏ်ခီ