ကိုရိုနာဗိုင်းရပ်စ်ကို ပျံ့နှံ့စေရန် အလို့ငှာ ရည်ရွယ်ချက်ရှိရှိ နိုင်ငံတကာကို ခရီးသွားနေကြသူများကို အကြမ်းဖက်မှုနဲ့ တရားစွဲဆိုသွားဖို့ ရှိတယ်လို့ အမေရိကန်တရားစီရင်ရေးဌာနရဲ့ သဘောတူစာချုပ် မူကြမ်းမှာ ဖော်ပြထားပါတယ်။
“ရောဂါပျံ့နှံ့အောင် လုပ်မယ်လို့ ခြိမ်းခြောက်တာမျိုးနဲ့ ရည်ရွယ်ရှိရှိ ရောဂါဖြန့်တာမျိုးတွေကို အကြမ်းဖက်မှုအဖြစ် သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ အဲဒီကိစ္စတွေမှာ ပါဝင် ပတ်သက်မှု ရှိတာမျိုးတွေကိုလည်း အမေရိကန်အနေနဲ့ လုံးဝ သည်းခံသွားမှာ မဟုတ်ပါဘူး”လို့ တရားစီရင်ရေးဌာနရဲ့ ရှေ့နေချုပ်ဖြစ်သူ Jeffrey Rosen က ပြောပါတယ်။
“နှာခေါင်းစည်းတွေကို ဈေးတင်ပြီးရောင်းတာ၊ ဒါမှမဟုတ် သတင်းအတုတွေကို ဖြန့်ချိတာတွေကိုလည်း ပြစ်ဒဏ်တွေ ချမှတ်သွားမှာဖြစ်တယ်”လို့ ရှေ့နေချုပ်က ပြောပါတယ်။
အလားတူပဲ အီးမေးလ်နဲ့ သတင်းအမှားပို့ခြင်း၊ လူအများ အထင်အမြင်လွဲမှာအောင် ပြုလုပ်ခြင်းနဲ့ အင်တာနက်မှတဆင့် ရောဂါပျောက်ဆေးအတု လိမ်ညာရောင်းချတွေလည်း ပြစ်ဒဏ်ပေးမယ့် အထဲမှာ ပါဝင်ပါတယ်။
“ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပျံ့နှံမှုတွေဟာ အလိုအလျောက်ကို ကြောက်မက်ဖွယ်ရာ ဖြစ်နေပါပြီ။ ဒီလို ကာလမျိုးမှာ အမြတ်ထုတ်ခြင်းတွေ မပြုလုပ်ကြဖို့ လိုအပ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်တကိုယ်တည်းစာ ကောင်းစားရေးအတွက် အမြတ်ထုတ်တာမျိုးကို အစိုးရအနေနဲ့ လုံးဝ လက်ခံပေးမှာ မဟုတ်ပါဘူး ” လို့ ရှေ့နေချုပ်ဖြစ်သူ William Barr က ရေးသားထားပါတယ်။
အမေရိကန်နိုင်ငံရဲ့ တရားစီရင်ရေးအဖွဲ့ဟာ အခုလို ကပ်ရောဂါဆိုက်ကပ်နေတဲ့ အချိန်မှာ နိုင်ငံအတွက် ကောင်းမွန်ပြီး စိတ်ချရတဲ့ တရားစီရင်ရေးအဖွဲ့အနေနဲ့ ရပ်တည်နေမှာ ဖြစ်ပြီး ပြည်သူများနဲ့ နိုင်ငံအတွက် အလုပ်များကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောဆိုထားတယ်လို့ သိရပါတယ်။
Ref. CNN
You may also like these stories:
အများပြည်သူသုံးယာဉ် အားလုံးကို ပိုးသတ်ဆေးဖြန်းမယ့် ချက်သမ္မတနိုင်ငံ
COVID-19 ကြောင့် အိန္ဒိယမှာ ၃ ပတ်ကြာ အိမ်ပြင်မထွက်ရ အမိန့်ထုတ်
COVID-19 ကာလမှာ အပြင်မသွားကြဖို့ တိုက်တွန်းလိုက်တဲ့ သရုပ်ဆောင် ဇဏ်ခီ