အိမ်ရာမဲ့တဦးကို အစားအစာ ဝေပေးတာကြောင့် ချီးကျူးခံနေရတဲ့ မလေးရှားက Foodpanda
မလေးရှားနိုင်ငံဟာ အိမ်ရာမဲ့များတဲ့ နိုင်ငံတွေထဲမှာ ပါဝင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ကွာလာလမ်ပူမှာ နေထိုင်ကြတဲ့ အိမ်ရာမဲ့တွေ အနေနဲ့လည်း သူတို့ကို ဂရုစိုက်တဲ့သူ မရှိတာကြောင့် အစာရေစာ ငတ်ပြတ်လေ့ရှိတယ်လို့ သိရပါတယ်။
အစာငတ်ပြတ်ပြီး လမ်းဘေးမှာ အိပ်ပျော်နေတဲ့ အိမ်ရာမဲ့တဦးကို Foodpanda မှာ အလုပ်လုပ်ကိုင်နေတဲ့ အစားအသောက် ပို့ဆောင်သူ တဦးက အစားအသောက်များ ဝေငှပေးတဲ့ ဓာတ်ပုံဟာ မကြာသေးခင်က မလေးရှားနိုင်ငံရဲ့ လူမှုကွန်ရက် စာမျက်နှာကို လှုပ်ခတ်စေခဲ့ပါတယ်။ “We Are Malaysians” ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အဲဒီဓာတ်ပုံကို တင်ထားခဲ့တာဖြစ်ပါတယ်။
FoodPanda rider ???He is sending free Breakfast for him..???#FoodPanda
Posted by 我们是马来西亚人 We are Malaysians on Saturday, March 14, 2020
“သူက စားစရာတွေ လိုက်ပို့ရင်း အိမ်ရာမဲ့ကို မနက်စာ ကျွေးသွားတယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ တင်ထားတဲ့ ဓာတ်ပုံမှာ အိမ်ရာမဲ့ဖြစ်သူက အိပ်ပျော်နေပြီး ပစ္စည်းပို့သမားကတော့ အစားအသောက် ပါတဲ့ ပလတ်စတစ်အိတ်ကို ချပေးနေတာကို တွေ့မြင်ရပါတယ်။
ပစ္စည်းပို့သမားအနေနဲ့ ကျွေးလိုက်တဲ့ အစားအစာရဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတာကိုတော့ မသိရဘူးလို့ မလေးရှား ဝက်ဘ်ဆိုက်တွေမှာ ရေးသားထားပါတယ်။
လူမှုကွန်ရက် အသုံးပြုသူအချို့ကလည်း ပစ္စည်းပို့သမားအနေနဲ့ ပိုလျှံနေတဲ့ အစားအသောက်တွေကို ပေးနေတာဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပြီး အချို့ကတော့ အစားအသောက်မှာ ယူသူတွေ မယူတော့တဲ့ အစားအသောက်တွေကို ပေးနေတာဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ဓာတ်ပုံကို ကားသမားတဦးက ရိုက်ကူးထားတဲ့ ဖြစ်ပြီး ပြန်လည် မျှဝေသူ သိန်းနဲ့ချီ ရှိကာ အပြုသဘောဆောင်တဲ့ မှတ်ချက်တွေ ပေးခဲ့ကြတယ်လို့ သိရပါတယ်။
Ref. Worldofbuzz