အိမ်မှာနေရင်း သင်ယူနိုင်မယ့် Tik Tok အကများ
လူမှုကွန်ရက် အသုံးပြုမှု များပြားလာတဲ့ ဒီနေ့ခေတ်မှာ Tik Tok ဟာလည်း လူသုံးအများဆုံးနဲ့ အထူးသဖြင့် လူငယ်တွေကြားမှာ ရေပန်းအစားဆုံး Application တွေထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ် အစောပိုင်းတွေတုန်းကတော့ Facebook နောက်မှာ ရေပန်းစားခဲ့တာကတော့ Instagram ဖြစ်ပြီး အခုလတ်တလော အချိန်မှာတော့ Tik Tok ကနေ ၁၅စက္ကန့်ကနေ ၃၀ စက္ကန့်ခန့်ရှိတဲ့ ဗီဒီယိုတွေကို ကြည့်ရှုပြီး အကသင်ခန်းစာတွေကို လေ့လာနိုင်တာကြောင့် ပိုမိုရေပန်းစား အောင်မြင်လာခဲ့တာပါ။
မြန်မာနိုင်ငံမှာဆိုရင်လည်း Tik Tok ဟာ အသုံးပြုသူ အရေအတွက် များတဲ့ Application တခုဖြစ်ပြီး အခုဖော်ပြပေးမှာကတော့ အိမ်မှာနေရင်းနဲ့ သင်ယူနိုင်မယ့် အကတွေပဲ ဖြစ်ပါတယ်။
(၁) U Can’t Touch This by MC Hammer
ကရတာကို စိတ်ဝင်စားသူတော်တော်များများ သွေးပူအောင်လုပ်လေ့ရှိတဲ့ သီချင်းတပုဒ်ဖြစ်ပြီး Tik Tok မှာတော့ Beat Challenge အဖြစ် ခေတ်စားနေတဲ့ အကတမျိုးပဲ ဖြစ်ပါတယ်။
(၂) Say So by Doja Cat
လျင်မြန်ဖျတ်လတ်တဲ့ လှုပ်ရှားမှုတွေကို အသုံးပြုရမယ့် အကတခုဖြစ်ပြီး ဝိုင်သောက်တဲ့အခါမျိုးမှာဆိုရင်တော့ သင်ယူဖို့အတွက် ပိုပြီး စိတ်လှုပ်ရှားစရာကောင်းမှာ အသေအချာပါ။
(၃) Relationship by Young Thug
တခြား Tik Tok အသုံးပြုသူတွေကိုပါ ပြန်လည် မျှဝေပေးမှု အများဆုံး အကတခုဖြစ်ပြီး သူငယ်ချင်းမိတ်ဆွေတွေနဲ့ အတူတကွ ပျော်ပျော်ရွှင်ရွှင် ကခုန်နိုင်မယ့် သီချင်းတပုဒ်လည်း ဖြစ်ပါတယ်။
(၄) Cannibal by Kesha
နှစ်တွေဘယ်လောက်ဟောင်းဟောင်း Kesha ရဲ့ Cannibal သီချင်းကတော့ Tik Tok အသုံးပြုသူတွေကြားမှာ အခုအချိန်ထိ ရေပန်းစားနေဆဲဖြစ်ပြီး ရင်ခုန်စရာကောင်းတဲ့ ကကွက်နှစ်မျိုးကို သီချင်းနဲ့အတူသင်ယူကြရမှာပါ။
Ref. www.thecut.com
You may also like these stories:
အိမ်ရာမဲ့တဦးကို အစားအစာ ဝေပေးတာကြောင့် ချီးကျူးခံနေရတဲ့ မလေးရှားက Foodpanda
တကမ္ဘာလုံးကို ပရီမီယမ် အခမဲ့ ကြည့်ရှုခွင့်ပေးလိုက်တဲ့ Pornhub
Mask တွေ ပြတ်လပ်ချိန်မှာ ကိုယ်တိုင် နှာခေါင်းစည်း ပြုလုပ်နည်း