COVID-19 ကူးစက်ခံရသူတွေထဲမှာ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တော်ဝင် မိသားစုဝင်တွေလည်း ပါဝင်လာကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်မှာတော့ အသက် ၈၆ နှစ် အရွယ်ရှိပြီဖြစ်တဲ့ စပိန် တော်ဝင်မင်းသမီး မာရီယာထရေဆာ (María Teresa) ဟာ COVID-19 ကြောင့် သေဆုံးခဲ့တဲ့အတွက် တော်ဝင် မိသားစုဝင်တွေထဲမှာ ပထမဆုံးသေဆုံးသူ ဖြစ်လာခဲ့ပါတယ်။
သူမဟာ ပဲရစ်မြို့မှာ သေဆုံးခဲ့တာဖြစ်ပြီး စပိန်နိုင်ငံမှာ COVID-19 ကြောင့် လူပေါင်း ၆,၈၀၃ ယောက်သေဆုံးခဲ့ပြီး ၈၀,၁၁၀ ယောက် ရောဂါကူးစက်ခံထားရတယ်လို့ သိရပါတယ်။
ဒီကနေ့ မနက်ခင်း ထုတ်ပြန်ထားတဲ့ သတင်းတွေအရ တကမ္ဘာလုံးမှာ COVID-19 ကူးစက်ခံထားရသူစုစုပေါင်း ၇၂၈,၅၇၂ ယောက်ရှိပြီး ၃၄,၀၄၃ ယောက် သေဆုံးသွားခဲ့ပြီ။ လက်ရှိ အချိန်မှာတော့ မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ခံထားရသူ ၁၀ ယောက်ရှိသွားပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း နောက်ထပ် COVID-19 ကူးစက်ခံထားရသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်ပါတယ်။
ပြင်သစ်မှာ သေဆုံးခဲ့တဲ့ စပိန် တော်ဝင်မင်းသမီးဟာ ပါမောက္ခတယောက်ဖြစ်ပြီး အမျိုးသမီးအခွင့် အရေးကိစ္စတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်လေ့ရှိသူ တယောက်လို့ သိရပါတယ်။ သူမကို Red Princess လို့လည်း ခေါ်လေ့ ရှိကြပါတယ်။ အခုဆိုရင်တော့ ဗြိတိန် အိမ်ရှေ့မင်းသား ချားလ်စ်လည်း COVID-19 ကူးစက်ခံထားရပါတယ်။ တော်ဝင်မိသားစုဝင်တွေ ဘယ်လောက်များများ COVID-19 ကူးစက်ခံရမလဲဆိုတာ မသိရသေးပါဘူး။
မလေးရှားနန်းတော်မှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဝန်ထမ်း ၇ ယောက်မှာလည်း COVID-19 တွေ့ ရှိခဲ့တဲ့အတွက် မလေးရှားဘုရင်နဲ့ ဘုရင်မကို ၁၄ ရက်ကြာ သီးသန့်ထားရှိပြီး ရောဂါစောင့်ကြည့် စစ် ဆေးမှုတွေ ပြုလုပ်နေတယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။
ဒီကနေ့လို အချိန်အခါမျိုးမှာ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း COVID-19 ကို ပေါ့ပေါ့ဆဆ သဘောမထားသင့်တော့ပါဘူး။ ရောဂါကူးစက်ခံရဟာ ကိုယ်ဖြစ်သွားနိုင်ပါတယ်။ အချိန်မရွေး ရောဂါကူးစက်ခံရသူ ဖြစ်သွားနိုင်ပါတယ်။ တခြားလူတွေကိုလည်း ရောဂါကူးစက်စေနိုင်တဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေက ထုတ်ပြန်ပေးထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာသင့်ပါတယ်။
Ref: channalnewsasia, metro.co.uk
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာကနေ အကြံပြုလိုက်တဲ့ ယွန်းဝတီလွင်မိုး
တကမ္ဘာလုံး ဖြစ်နေတဲ့ အကျပ်အတည်း ဒီအချိန်မှာ အစိုးရကို အားကိုးချင်တယ်
နိုင်ငံတကာက အနုပညာရှင်တွေ ကိုရိုနာကာလမှာ Self-Quarantine ဘယ်လိုလုပ်ကြလဲ