လတ်တလောမှာ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းကနေ လျှော့ချနိုင်ဖို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေကို နိုင်ငံတကာက ဆေးပညာရှင်တွေက အကြံပြုချက်တွေ ထုတ်ပြန်ထားပြီး ကူးစက်နိုင်ခြေများတဲ့ အခြေအနေတွေထဲမှာ ငွေစက္ကူတွေကို လက်နဲ့ ကိုင်တွယ် အသုံးပြုခြင်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
ရောဂါကူးစက်နိုင်ခြေများတဲ့ အခြေအနေတွေထဲမှာ လူပေါင်းများစွာ ထိတွေ့ကိုင်တွယ် အသုံးပြုနေတဲ့ ငွေစက္ကူ ပိုက်ဆံတွေ အသုံးပြုမှုလည်း ပါဝင်နေတာဖြစ်တာကြောင့် ငွေစက္ကူတွေအစား ကတ်စနစ်ကို အသုံးပြုဖို့ ဆေးပညာရှင်တွေက တိုက်တွန်း အကြံပေးထားပါတယ်။
ငွေစက္ကူတွေကို အများဆုံး ထိတွေ့ကိုင်တွယ် အသုံးပြုနေရတဲ့ ဈေးရောင်း ဈေးဝယ်သူတွေ၊ ဘဏ်ဝန်ထမ်းတွေအနေနဲ့ ငွေစက္ကူတွေ ကိုင်တွယ်ပြီးတဲ့အခါတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောဖို့ အကြံပြုထားပြီး ဖြစ်နိုင်မယ်ဆိုရင်တော့ ကတ်စနစ်ကိုသာ အသုံးပြုသင့်တယ်လို့လည်း ဆိုပါတယ်။
လတ်တလော အခြေအနေမှာတော့ အမေရိကန်အပါအဝင် နိုင်ငံတော်တော်များများမှာ ဈေးရောင်း ဈေးဝယ် ပြုလုပ်တဲ့အခါ ငွေစက္ကူအစား ကတ်စနစ်ကိုသာ အသုံးပြုနေကြပြီး ဘဏ်တွေမှာဆိုရင်လည်း ငွေစက္ကူတွေကို မြင့်မားတဲ့ အပူချိန်အောက်မှာ ပိုးသတ်တာ၊ ပိုးသတ်ပြီးတဲ့အခါမှာလည်း ၁၄ ရက်လောက် သိမ်းဆည်းပြီးမှ ဘဏ်ကနေ အပြင်ကို ပြန်ထုတ်တာမျိုးတွေကို ပြုလုပ်နေကြပါတယ်။
တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင် ပျံ့နှံ့စဉ်အချိန်တုန်းကလည်း ငွေစက္ကူတွေကို ပိုးသတ်ဖို့ အမိန့်ထုတ်ပြန်တာ၊ ပြည်နယ်တွေ အချင်းချင်းကြားမှာ ငွေကြေး လွှဲပြောင်းမှုတွေကို ဆိုင်းငံ့ထားတာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။ ဆေးပညာရှင်တွေရဲ့ အဆိုအရ ဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်ပြင်ပမှာ နာရီအတော်ကြာ အသက်ရှင်နိုင်တာကြောင့် လူအများ ထိတွေ့ကိုင်တွယ် အသုံးပြုနေတဲ့ ငွေစက္ကူတွေမှာ ကပ်ငြိလာနိုင်တယ်လို့ ယူဆထားကြတာလည်း ဖြစ်ပါတယ်။
Ref. www.cnbc.com
You may also like these stories:
နိုင်ငံတကာက အနုပညာရှင်တွေ ကိုရိုနာကာလမှာ Self-Quarantine ဘယ်လိုလုပ်ကြလဲ
ကိုရိုနာကာလမှာ ကိုယ်ဝန်ဆောင်သည်တွေ သိထားသင့်တဲ့ အချက်များ
Remdesivir ဆေး စမ်းသပ်ခံ ကိုဗစ်လူနာ အခြေအနေကောင်းမွန်