ထိုင်းနိုင်ငံမှာ မတ်လ ၃၀ ရက်နေ့ အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၃၆ ဦး ထပ်မံတိုးလာတာကြောင့် လက်ရှိအချိန်မှာ ကူးစက်ခံရသူ အားလုံးပေါင်းဟာ ၁,၅၂၄ ဦး ရှိပြီလို့ သိရပါတယ်။
ရောဂါဖြစ်ပွားမှုတွေဟာ နေ့တိုင်း တိုးပွားလာပြီး ထိုင်းနိုင်ငံရဲ့ မြို့ကြီးတွေထက် နယ်မြို့တွေမှာ ဖြစ်ပွားမှုပိုများတယ်လို့ တာဝန်ရှိသူ Taweesin Wisanuyothin က ထုတ်ပြန်ပါတယ်။
ဖူးခက်ကမ်းခြေမှာ ကူးစက်ခံရသူ ၅၃ ဦး တွေ့ရှိပြီးနောက် ကမ်းခြေကိုလည်း ဝင်ခွင့် ဧပြီလကုန်အထိ ပိတ်ပင်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ဖူးခက် ကမ်းခြေမှာ ရောက်ရှိနေသူ အားလုံးကို ပြန်ခွင့် ပိတ်လိုက်တာဖြစ်ပြီး ဘယ်ယာဉ်ကိုမှ အသုံးပြုခွင့် မပေးတော့ဘူးလို့လည်း သိရပါတယ်။
ရောဂါကူးစက်ခံရသူ ၁,၅၂၄ ဦး ရှိနေတဲ့ ထိုင်းနိုင်ငံမှာ ရောဂါကြောင့် သေဆုံးသူ မရှိသေးဘူးလို့ သိရပါတယ်။ ထိုင်းနိုင်ငံဟာနိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာလည်း စစ်ဆေးမှုတွေ တင်းကြပ်စွာထားရှိထားပြီး ပြည်ဝင်ခွင့် ပိတ်ပင်မှုတွေလည်း ရှိနေပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားများကို နေရပ် ပြန်ပို့ခြင်းတွေလည်း ပြုလုပ်နေပြီး မြန်မာနိုင်ငံကတော့ ရွှေ့ပြောင်းလုပ်သားများ ထောင်ချီ ပြန်လည် ဝင်ရောက်လာမယ့် အချိန်မှာ ရောဂါကူးစက် ပျံ့နှံ့မှုတွေနဲ့ ကြုံတွေ့နိုင်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။
Ref. Bangkok Post
You may also like these stories:
ကျယ်ကျယ်ပြန့်ပြန့် ကြားလာရတဲ့ Lockdown ကိစ္စ
COVID-19 ကူးစက်ခံခဲ့ရတဲ့ မင်းသား Tom Hanks နဲ့ ဇနီး LA ကို ပြန်ရောက်ပြီ