ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံပြီး နိုင်ငံတွင်း စီးပွားရေးကျဆင်းမှုများ သိသိသာသာကြောင့် စိတ်ဖိစီးမှုဒဏ်ကို ခံစားနေရတဲ့ ဂျာမနီဘဏ္ဍာရေးဝန်ကြီး Thomas Schaefer ဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တယ်လို့ ဝန်ကြီးဌာနက မတ်လ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
အသက် ၅၄ နှစ်ရှိပြီဖြစ်တဲ့ အဲဒီ ဝန်ကြီးရဲ့ အလောင်းကို ရထားလမ်းပေါ်မှာ ပြီးခဲ့တဲ့ စနေနေ့က တွေ့ရှိခဲ့ပါတယ်။ သူ့ရဲ့ သေဆုံးမှုဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာကြောင့် ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ယူဆထားကြပါတယ်။
“ကျနော်တို့ အရမ်းကို တုန်လှုပ်သွားကြတယ်။ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုတွေ ကင်းမဲ့နေကြပါပြီ။ အရမ်းကို ဝမ်းနည်းရပါတယ်”လို့ ဝန်ကြီး Volker Bouffier က ပြောပါတယ်။
ရဲဌာနက မျက်မြင်သက်သေများနဲ့ အခင်းဖြစ်ပွားရာ နေရာများကို စစ်ဆေးမှုတွေ ပြုလုပ်ပြီး နောက်မှာတော့ သေဆုံးသူ ဝန်ကြီးဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာဖြစ်တယ်လို့ အတည်ပြုပေးခဲ့တာပါ။
ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးဖြစ်သူ Thomas Schaefer ဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ပြန့်ပွားပြီးနောက် ထိခိုက်မှု ရှိလာတဲ့ ဘဏ်များနဲ့ အခြားလုပ်ငန်းရှင်များအတွက် နေ့မအား၊ ညမနား အလုပ်များလုပ်ပေးခဲ့ပြီးနောက် စိတ်ဖိစီးမှုတွေ ရှိလာတာကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဝန်ကြီးချုပ် Volker Bouffier က ပြောပါတယ်။
ရောဂါ ပျံ့နှံမှုတွေကြောင့် ဂျာမနီနိုင်ငံမှာ ရှိတဲ့ ဝန်ကြီးဌာနအသီးသီးက ဝန်ကြီးများအနေနဲ့ အလုပ်ဖိစီးမှုကို ဒဏ်ကို ခံနေရတယ်လို့ သိရပါတယ်။
Ref. aljazeera.com
You may also like these stories:
ကုန်ဈေးနှုန်းက ဘာမှ တက်စရာ မရှိဘူး
နိုင်ငံတကာခရီးသွားများစွာ အာရှနိုင်ငံတွေမှာ သောင်တင်နေ
ကျယ်ကျယ်ပြန့်ပြန့် ကြားလာရတဲ့ Lockdown ကိစ္စ