ရရှိမယ့် လစာတွေကို ဝန်ထမ်းတွေအတွက် ကူညီလိုက်တဲ့ Disney အလုပ်အမှုဆောင်များ
Disney ကုမ္ပဏီရဲ့ အကြီးတန်းရာထူး ပိုင်ဆိုင်ထားသူတွေဟာ သူတို့ ရပိုင်ခွင့်ရှိတဲ့ လစာတွေကို ကျန်တဲ့ အောက်ခြေဝန်ထမ်းတွေအား ကူညီပေးအပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပြီး အခုအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကြုံတွေ့နေရတဲ့ နိုင်ငံနဲ့အဝှမ်း ပိတ်ဆို့မှုတွေနဲ့ စီးပွားရေး အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်တာလည်း ဖြစ်ပါတယ်။
Disney ရဲ့ လက်ရှိ CEO ရာထူးကို တာဝန်ယူထားတဲ့ Bob Iger ဟာ သူ့ရဲ့ ရပိုင်ခွင့်လစာကို ရာနှုန်းပြည့် စွန့်လွှတ်ခဲ့ပြီး Bob Chapek ကတော့ ၅၀ ရာခိုင်နှုန်း မယူဘဲ ဝန်ထမ်းတွေအတွက် တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ကူညီထောက်ပံ့ပေးခဲ့ကြတာပါ။
လတ်တလော ဖြေရှင်းမှု ဖြစ်ပေမယ့် အောက်ခြေဝန်ထမ်းတွေ အားလုံးအတွက်တော့ အမှတ်ရစရာ နွေးထွေးမှုတခု ဖြစ်ပြီး နောင်တချိန် လုပ်ငန်းဆောင်တာတွေ ပြန်လည် စတင်တဲ့အခါ စည်းလုံးမှုအားကောင်းကောင်းနဲ့ Disney ရဲ့ ခြေလှမ်းတွေကို တွေ့မြင်ရဖို့ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။
ကိုရိုနာကြောင့် စီးပွားရေး အခက်အခဲ ကြုံတွေ့နေရတဲ့ ထောင်ပေါင်းများစွာသော ကုမ္ပဏီတွေ အများကြီးထဲမှာမှ Disney ဟာလည်း တခုအပါအဝင်ဖြစ်ပြီး တနေ့ကို ပျမ်းမျှအားဖြင့် ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးနေပါတယ်။ Disney Park ဟာဆိုရင်လည်း ဧပြီလဆန်းပိုင်းမှ ပြန်လည်ဖွင့်လှစ်ဖို့ ရည်ရွယ်ထားပေမယ့် ပိုမိုဆိုးရွားလာတဲ့ အခြေအနေတွေကြောင့် အခုအချိန်အထိ ပိတ်သိမ်းထားရဆဲပါ။
ပြတိုက်ကိုလည်း ပိတ်သိမ်းထားရတဲ့အပြင် ဆက်လက် ထွက်ရှိစရာရှိတဲ့ ရုပ်ရှင်တွေကိုလည်း ဆိုင်းငံ့ထားရပါတယ်။ ကောလဟာလ သတင်းတွေအရတော့ Mulan ရုပ်ရှင်ကို “Streaming” အဖြစ်သာ ပြသတော့မှာဖြစ်တဲ့အပြင် “Black Widow” ရုပ်ရှင်ကိုလည်း အဲဒီအတိုင်း ပြသတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
Peter Pan ရုပ်ရှင်အတွက် Joaqin Phoenix ကို မျက်စိကျနေတဲ့ Disney