တရုတ်နိုင်ငံအနေနဲ့ COVID-19 ကို ထိန်းချုပ်လာနိုင်ပြီးတဲ့ နောက်ပိုင်းမှာတော့ ဥရောပနဲ့ အမေရိကန်နိုင်ငံတွေမှာ ကူးစက်မှုနှုန်းနဲ့ သေဆုံးမှုနှုန်း များပြားလာနေပါတယ်။ လက်ရှိ အချိန်ထိတော့ အမေရိကန်နိုင်ငံမှာ COVID-19 ကူးစက်ခံနေရသူ စုစုပေါင်း ၁၆၄,၂၅၃ ယောက် ရှိနေပြီး သေဆုံးသူပေါင်း ၃,၁၆၅ ယောက် ရှိသွားပါပြီ။
အမေရိကန်နိုင်ငံရဲ့ ကျန်းမာရေး ကျွမ်းကျင်ပညာရှင် တယောက်ကလည်း COVID-19 ကြောင့် အမေရိကန်နိုင်ငံမှာ လူ ၁ သိန်းနီးပါး သေဆုံးမယ်လို့ ခန့်မှန်းထားပါတယ်။
Johns Hopkins တက္ကသိုလ်ရဲ့ သတင်းထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံမှာ တရက်အတွင်း COVID-19 ကြောင့် လူ ၅၁၈ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ COVID-19 ကြောင့် နေ့စဉ် လူ ရာနဲ့ချီပြီး သေဆုံးနေတယ်လို့ သိရပါတယ်။
COVID-19 ဟာ ပေါ့ဆလို့ရတဲ့ ရောဂါ မဟုတ်ပါဘူး။ တရုတ်နိုင်ငံအနေနဲ့ ထိန်းချုပ်လို့ရသွားပြီဆိုပေ မယ့် ကျန်တဲ့နိုင်ငံတွေမှာ ကူးစက်မှုနှုန်း များပြားနေတာကို တွေ့ရပါတယ်။ ဒေါက်တာ Fauic ကလည်း CNN သတင်းဌာနကို “အမေရိကန်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူပေါင်း သန်းနဲ့ချီ ရှိနိုင်ပါတယ်”လို့ ပြောခဲ့ပါတယ်။
အခုဆိုရင် အမေရိကန်နိုင်ငံဟာ COVID-19 ကူးစက်ခံနေရသူ အများဆုံးနိုင်ငံ ဖြစ်သွားပါပြီ။ အခုလို အမေရိကန်နိုင်ငံမှာ COVID-19 ကူးစက်မှုနှုန်းကို လျှော့ချနိုင်ဖို့ လူတွေကို အိမ်ပြင် မထွက်ကြဘဲ နေကြဖို့၊ တဦးနဲ့တဦး ထိတွေ့ဆက်ဆံမှုတွေ မလုပ်ကြဖို့ အမေရိကန် ကျန်းမာရေးပညာရှင်တွေဖြစ်တဲ့ ဒေါက်တာ Fauci နဲ့ ဒေါက်တာ Thomas Inglesby တို့က သမ္မတ ထရမ့်ကို အကြံပေးပေမယ့် သမ္မတအနေနဲ့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။
သမ္မတရဲ့ ငြင်းဆန်မှုကြောင့်ပဲ အမေရိကန်နိုင်ငံမှာ COVID-19 ကြောင့် လူသေဆုံးမှု များပြားလာနေရတယ်လို့ ပညာရှင်တချို့ကလည်း သုံးသပ်နေကြပါတယ်။
Ref. CNN
You may also like these stories:
စပိန် တော်ဝင်မင်းသမီး COVID-19 ကြောင့် သေဆုံး
ကိုရိုနာကြောင့် နယူးယောက်မှာ ပြဇာတ်ရုံ၊ စားသောက်ဆိုင်နဲ့ ကျောင်းများ ပိတ်ထား