အီဂျစ်နိုင်ငံမှာ ရှိတဲ့ Great ပိရမစ်ရဲ့ မျက်နှာပြင်ပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ဒဏ်ကို ခံနေရတဲ့ ကမ္ဘာအနှံ့က ပြည်သူတွေကို သတိပေးတဲ့အနေနဲ့ နေအိမ်မှာပဲ နေကြဖို့ တိုက်တွန်းထားတဲ့ စာကို တနင်္လာနေ့ညပိုင်းက စတင်ပြီး မီးမောင်းထိုးပြထားခဲ့တယ်လို့ သိရပါတယ်။
“လုံခြုံအောင်နေပါ။ နေအိမ်မှာနေပါ။ လုံခြုံအောင်နေထိုင်ပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စာသားတွေ ရေးသားထားတဲ့ မီးမောင်းကို အပြာရောင်နဲ့ အစိမ်းရောင်မီးများ အသုံးပြုပြီး ဂရိတ်ပိရမစ်ကို မျက်နှာပြင်လုပ်ကာ ထိုးပြထားတာဖြစ်ပါတယ်။
အီဂျစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၅၆ ဦးရှိပြီး သေဆုံးသူ ၄၁ ဦး ရှိပြီလို့ သိရပါတယ်။ ကူးစက်ခံရသူများမှာ ၁၅၀ ဦးကတော့ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ပါတယ်။
“ကမ္ဘာလှည့် ခရီးသွားများလာရေးဟာ ကျနော်တို့ရဲ့ အဓိကဝင်ငွေ စီးဆင်းရာ ဖြစ်ပေမယ့် ကျန်းမာရေးကတော့ ပထမဦးစားပေး ဖြစ်ပါတယ်။ နိုင်ငံသားအားလုံးကို ကူညီပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းအားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ဝန်ကြီး Mostafa al-Waziri က ပြောပါတယ်။
တနင်္လာနေ့မှာပဲ “အပြင် မထွက်ရ” အမိန့်ကို နာခံခြင်း မရှိတာကြောင့် လူ ၁၀၀ ခန့်ကို ဖမ်းဆီးထားတယ်လို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဖမ်းဆီးထားတဲ့သူတွေကို ပြန်လည် လွှတ်ပေးခဲ့လားဆိုတာတော့ သိရခြင်း မရှိပါဘူး။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းကတော့ အီဂျစ်နိုင်ငံဟာ ကပ်ရောဂါပျံ့နှံမှုကို ကိုင်တွယ်ရာမှာ တင်းကြပ်ပြီး လိုက်လျောညီထွေရှိတယ်လို့ ချီးကျူး ပြောဆိုထားပါတယ်။
Ref. Bangkok Post
You may also like these stories:
သူဌေးကျွန်းနှင့် ရတနာကျွန်းများ ခရီးသွားခွင့် ရက်အကန့်အသတ်မရှိ ပိတ်
အမေရိကန်မှာ COVID-19 ကြောင့် တရက်အတွင်း လူ ၅၀၀ ကျော် သေဆုံး
COVID-19 ရောဂါ မပြန့်ပွားအောင် အိမ်မှာပဲ နေကြဖို့ မောင်မောင်အေး ပြော