Trend

COVID-19 ထိန်းချုပ်ဖို့ စက်ရုံ၊ အလုပ်ရုံနဲ့ လုပ်ငန်းခွင်တွေမှာ လိုက်နာရမယ့် အချက်များ

COVID-19 ကပ်ရောဂါကို မြန်မာနိုင်ငံအနေနဲ့လည်း စတင် ခံစားနေရပါပြီ။ ဒီကပ်ရောဂါကြီးဟာ နောက်ထပ် ဘယ်လောက်ကြာကြာဆက်ပြီး ဖြစ်ပွားနေဦးမလဲဆိုတာ မသိရသေးပါဘူး။

လက်ရှိ အချိန်ထိတော့ မြန်မာနိုင်ငံမှာ COVID-19 ဖြစ်ပွားနေသူ ၁၄ ယောက်အထိ ရှိနေပါတယ်။ ဒါကြောင့်လည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့ ထုတ်ပြန်ပေးထားတဲ့ သတင်းအချက်အလက်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။

မကြာသေးခင်အချိန်ကပဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒါကတော့ စက်ရုံ၊ အလုပ်ရုံနဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေကြတဲ့ဝန်ထမ်းတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေပါ။

လုပ်ငန်းခွင်ကိုလာရောက်ကြမယ့် ဝန်ထမ်းတွေအနေနဲ့ အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ် ရှိနေပြီး ချောင်းဆိုးတာမျိုး ဖြစ်နေရင်၊ အသက်ရှူရ ခက်ခဲနေရင်၊ အားအင် ကုန်ခမ်းနေရင် လုပ်ငန်းခွင်ကို မလာရောက်ကြဖို့ တားမြစ်ထားပါတယ်။

လုပ်ငန်းရှင်တွေအနေနဲ့လည်း မဖြစ်မနေ လာရောက်ကြတဲ့ ဝန်ထမ်းတွေကို ကြို/ပို့ ယာဉ် စီစဉ်ပေးဖို့ လိုအပ်သလို ယာဉ်တွေပေါ်မှာလည်း လက်သန့်စင်ဆေးရည်၊ Mask စတာတွေကို စီစဉ်ပေးထားဖို့ လိုအပ်တယ်လို့ ကြေညာချက်ထဲမှာ ထုတ်ပြန်ထားပါတယ်။

အလုပ်တက်၊ အလုပ်ဆင်းချိန်တွေမှာလည်း လူစုလူဝေး မဖြစ်ပွားအောင် အထူးကြပ်မတ်ဖို့ လိုအပ်ပါ တယ်။ ဝန်ထမ်းတွေ အလုပ်လာချိန်မှာလည်း Fingerprint Scanner နဲ့ ရုံးတက်၊ မတက် စစ်ဆေး ခြင်းတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ကြောင်း ကြေညာချက်ထဲမှာ ပါရှိပါတယ်။

သက်ဆိုင်ရာ ရုံးတွေအနေနဲ့လည်း လက်ဆေးရမယ့် နေရာတွေကို လုံလောက်အောင် စီစဉ်ပေးဖို့ လို အပ်သလို Mask တွေကိုလည်း လုံလုံလောက်လောက် စီစဉ်ပေးသင့်ပါတယ်။ အိမ်သာတံခါး၊ လက် ကိုင်ခလုတ် စတာတွေကိုလည်း မကြာခဏ သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်တဲ့အကြောင်း ညွှန်ကြားချက်ထဲမှာ ဖော်ပြထားပါတယ်။

လုပ်ငန်းရှင် အပါအဝင် ဝန်ထမ်းတွေ အနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပေးထားတဲ့ညွှန်ကြားချက်တွေကို လိုက်နာရမယ့်အချိန် ရောက်လာပါပြီ။ လုပ်ငန်းခွင်တွေမှာလည်း လေဝင်လေထွက်ကောင်းအောင် စီစဉ်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ပြတင်းပေါက်တွေကို ဖွင့်ထားဖို့ လိုအပ်ပါတယ်။

အခု ဖော်ပြပေးခဲ့တဲ့ အချက်အလက်တွေဟာ အနည်းအကျဉ်းသာ ရှိပါသေးတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပေးထားတဲ့ အချက်အလက်တွေကို အလုပ်ရှင်တွေသာမက ဝန်ထမ်းတွေလည်း လိုက်နာနိုင်ကြဖို့ လိုအပ်နေပါတယ်။

Source – Ministry of Health and Sports, Myanmar

You may also like these stories:

မြန်မာသို့ COVID-19 စစ်ဆေးသည့် TEST KITS ငါးသောင်း UN ထပ်ပို့မည်

စားသောက်ကုန်၊ ကျန်းမာရေးပစ္စည်း ဈေးတင်ရောင်းသူများ ဧပြီလကစ အရေးယူမည်

Loading