Trend

ကျန်းမာရေး ဝန်ထမ်းတွေအတွက် ကော်ဖီနဲ့ ဖိနပ်တွေ လှူဒါန်းသွားမယ့် Starbucks နဲ့ Crocs

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ရှေ့တန်းကနေ လုပ်ဆောင်ပေးနေတဲ့ ကျန်းမာရေးနဲ့ သက်ဆိုင်ရာ ဝန်ထမ်းအားလုံးကို Starbucks ကော်ဖီဆိုင်တွေမှာ ကော်ဖီ အခမဲ့ ပေးသွားမှာပါ။ ရဲဝန်ထမ်း၊ မီးသတ်၊ ဆေးဝါးကျွမ်းကျင်၊ ဆရာဝန်၊ သူနာပြုနဲ့ ဆေးရုံဝန်ထမ်းတွေ အားလုံးကို နီးစပ်ရာ ကော်ဖီဆိုင်တွေမှာ မေလ ၃ ရက်နေ့ထိ ကော်ဖီ အခမဲ့ ယူသောက်ခွင့် ရှိပါတယ်။

နောက်၂ ပတ်မှာတော့ ကော်ဖီဆိုင်ခွဲတွေကို ပိတ်သွားဖို့ ရှိသလို ဖွင့်ပြီး ကျန်တဲ့ ဆိုင်တွေကိုလည်း ဆိုင်ထိုင်ခွင့် မပေးဘဲ Drive-thru နဲ့ delivery ပို့တာပဲ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကြောင့် Starbucks ဟာ အမေရိကန်နဲ့ ကနေဒါမှာရှိတဲ့ သူ့ရဲ့ ကော်ဖီဆိုင်ခွဲ တဝက်လောက် ပိတ်ဖို့ ရှိနေပါတယ်။

ဒါပေမဲ့လည်း ကျန်းမာရေး ဝန်ထမ်းတွေအတွက် အခမဲ့ ပေးမယ့် ကော်ဖီအတွက် ဆေးရုံနဲ့ အနီးနားကဆိုင်တွေကိုတော့ ဖွင့်ပေးနေဦးမယ်လို့ ဆိုပါတယ်။

အမေရိကန်ဆေးရုံက အရေးပေါ်ဌာနမှာ အသုံးများတဲ့ Crocs ဖိနပ် ထုတ်လုပ်သူတွေက ကျန်းမာရေးဝန်ထမ်းတွေအတွက် အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရေးမှာ လုပ်ဆောင်နေသူတွေအတွက် တနေ့ကို ဖိနပ် အရံ ၁ သောင်း လှူဒါန်းမယ်လို့ ကြေညာလိုက်ပါတယ်။

Crocs ရဲ့ CEO Andrew Rees က “အရင်ပတ်တွေထဲက ကျန်းမာရေး ဝန်ထမ်းတွေနဲ့ စကားပြောကြည့်ပြီးပါပြီ။ ကျနော်တို့ဆီက ထုတ်တဲ့ဖိနပ်တွေက သူတို့အတွက် သက်သောင့်သက်သာ ရှိလို့ အဆင်ပြေတယ်။ ပြန်ပြီးလည်း သန့်ရှင်းရတာ လွယ်ကူတယ်” လို့ ဆိုပါတယ်။

Crocs ဖိနပ်တွေဟာ သူတို့ရဲ့ ထုတ်လုပ်ထားတဲ့ နည်းပညာအရ စီးတဲ့သူကို ပေါ့ပေါ့ပါးပါးနဲ့ သက်သောင့်သက်သာဖြစ်စေသလို၊ ရေစိုခံပြီး သန့်ရှင်းရ လွယ်ကူလို့ အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့နေချိန်မှာလည်း သင့်တော်ပါတယ်။

ကျန်းမာရေးဝန်ထမ်း အားလုံးဟာ ဖိနပ်ယူဖို့အတွက် www.crocs.com/freeforhealthcare မှာ စာရင်းသွင်းရမှာဖြစ်ပြီး ကုမ္ပဏီဘက်က တိုက်ရိုက် လာရောက် ပေးပို့သွားမှာပါ။ တနေ့ကို ဖိနပ်အရံ ၁ သောင်းနှုန်းနဲ့ ထုတ်ကုန်တွေ ကုန်သွားတဲ့အထိ နေ့စဉ် ပေးသွားမယ်လို့ ဆိုပါတယ်။

Ref: edition.cnn

You may also like these stories:

နေအိမ်မှာပဲ နေထိုင်ကြဖို့ အီဂျစ် Great ပိရမစ်မှာ မီးမောင်းထိုးပြ

ကိုရိုနာကြောင့် ပိတ်ထားရတဲ့ ဒတ်ချ်ပြတိုက်မှာ Van Gogh ရဲ့ ပန်းချီကား အခိုးခံရ

ဖိလစ်ပိုင်မှာ ဆေးဝါးတင်ပို့တဲ့ လေယာဉ် ပျက်ကျပြီး လိုက်ပါသူ ၈ ဦး သေဆုံး

Loading