Trend

COVID-19 ကာကွယ်ဖို့ မျက်နှာဖုံး လုပ်နည်းများကို မျှဝေခဲ့တဲ့ ဗိသုကာပညာရှင်များ

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ပျံ့နှံ့မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဆေးရုံများမှာ အလုပ်လုပ်ကိုင်နေရတဲ့ ကျန်းမာရေး ဝန်ထမ်းများကို ကူညီနိုင်ဖို့ အမေရိကန်နိုင်ငံမှာ ရှိတဲ့ ဗိသုကာပညာရှင်များဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး မျက်နှာဖုံး လုပ်နည်းများကို မျှဝေခဲ့ကြပါတယ်။

ဗိသုကာပညာရှင်များဟာ သူတို့ရဲ့ 3D ပရင်တာများနဲ့ လေဆာဖြတ်စက်များကို အသုံးပြုပြီး မျက်နှာ အကာအကွယ်များကို ပြုလုပ်ပြီး ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်များကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဗိသုကာပညာရှင်များဟာ Eric Höweler ရဲ့ ကိုယ်ပိုင်ဒီဇိုင်းကို အတုယူကာ မျက်နှာဖုံးများကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ Eric Höweler ရဲ့ ဒီဇိုင်းမှာ မျက်နှာကို ကာဖို့အတွက် လေဆာနဲ့ ဖြတ်ထားတဲ့ ပလက်စတစ် မျက်နှာကာကို 3D ပရင်တာနဲ့ ထုတ်ထားတဲ့ နဖူးစည်းနဲ့ တွဲစပ်လိုက်ရုံနဲ့ ပြီးပြည့်စုံတဲ့ မျက်နှာကာကို ရရှိမှာ ဖြစ်ပါတယ်။

“မနေ့ကပဲ ရာနဲ့ချီတဲ့ ကိုယ်တိုင်လုပ် မျက်နှာကာတွေ နယူးယောက်မြို့မှာ ရှိတဲ့ ဆေးကုစင်တာတွေကို ရောက်ရှိလာတယ်”လို့ ဗိသုကာပညာဌာနရဲ့ ပါမောက္ခဖြစ်သူ Jenny Sabin က ပြောပါတယ်။

“လက်ရှိမှာတော့ ဒီမျက်နှာဖုံးတွေကို ပိုးသတ်နေပြီး မကြာခင်မှာ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေကို ပို့ပေးသွားမှာဖြစ်ပါတယ်။ နယူးယောက်မှာရှိတဲ့ Weill Cornell Medicine အနေနဲ့ တရက်ကို မျက်နှာဖုံးပေါင်း ၂သောင်းမှ ၅သောင်းအတွင်း နေ့စဉ် လိုအပ်နေပါတယ်”လို့ Jenny Sabinက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ဒိုင်းလိုဖြစ်နေတဲ့ မျက်နှာဖုံးကို ပလက်စတစ်နဲ့ ပြုလုပ်တာဖြစ်ပြီး မျက်နှာတခုလုံး ပြီးသွားရင်တော့ ပိုးသတ်တဲ့ အဆင့်ကို သေချာပြုလုပ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

ယခင်က ကျောင်းများမှာ မျက်နှာကာတွေကို ပြုလုပ်ခဲ့ပေမယ့် ကျောင်းများကို ပိတ်လိုက်ရတာကြောင့် ပြင်ပ ဗိသုကာ ပညာရှင်တွေက အခုလို ကူညီတာ ဖြစ်ပါတယ်။ ဆေးရုံများအတွက် လိုအပ်တဲ့ မျက်နှာဖုံးများကို ပြုလုပ်ဖို့ အမေရိကန်နိုင်ငံ တဝှမ်းမှာရှိတဲ့ ဗိသုကာပညာရှင်များက ကူညီလုပ်ကိုင်ပေးနေကြပြီး BIG, KPF နဲ့ Handel Architects စတဲ့ အဖွဲ့အစည်းတွေက အဓိက ကူညီနေကြတယ်လို့ သိရပါတယ်။

Ref. dezeen.com

You may also like these stories:

COVID-19 ကြောင့် ဂျပန်ဟာသ သရုပ်ဆောင် Ken Shimura သေဆုံး

COVID-19 ကူးစက်ခံခဲ့ရတဲ့ မင်းသား Tom Hanks နဲ့ ဇနီး LA ကို ပြန်ရောက်ပြီ

ပြည်သူတွေ လက်ဆေးကြဖို့ Matt Damon နဲ့ Kate Winslet တိုက်တွန်း

Did you find apk for android? You can find new Free Android Games and apps.
Loading