COVID-19 ကြောင့် အမေရိကန်မှာ တရက်အတွင်း လူ ၇၀၀ သေဆုံး
COVID-19 ဟာ တကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ ကပ်ရောဂါဆိုးပါ။ အင်အားကြီးမားတဲ့ အမေရိကန်နိုင်ငံတောင်မှ COVID-19 ကို ကာကွယ်နိုင်စွမ်း မရှိတော့ပါဘူး။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာတော့ အမေရိကန်နိုင်ငံမှာ COVID-19 ကြောင့် တရက်အတွင်း လူ ၇၀၀ သေဆုံးခဲ့ပါတယ်။ ဒါကြောင့်လည်း အမေရိကန်နိုင်ငံမှာ ယာယီဆေးရုံပေါင်း ရာနဲ့ချီပြီး ဆောက်လုပ်နေတယ်လို့ သိရပါတယ်။
ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ခန့်မှန်းချက်အရ အမေရိကန်နိုင်ငံမှာ COVID-19 ကြောင့် ၂ မိနစ်ကို လူတယောက်နှုန်း သေဆုံးနေရတယ်လို့ ဆိုပါတယ်။ COVID-19 ကြောင့် သေဆုံးခဲ့ရသူ တဝက်နီးပါးလောက်ဟာ နယူးယောက်မြို့က ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း နယူးယောက်မြို့တော်ဝန် Bill de Blasio က နယူးယောက်မှာ ထပ်ပြီး အခြေအနေ ဆိုးရွားလာနိုင်တဲ့အတွက် အစိုးရအနေနဲ့ အကောင်းဆုံး ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
နယူးယောက်မြို့တော်ဝန် Bill de Blasio က “နောက်အပတ်တွေအတွင်း နယူးယောက်မြို့မှာ COVID-19 ကူးစက်ခံရသူ ပိုများလာနိုင်စရာ ရှိပါတယ်။ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။ ပြီးခဲ့တဲ့အပတ်အတွင်းတုန်းကလည်း စစ်ဘက်ဆိုင်ရာ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို နယူးယောက်မြို့မှာ တာဝန်ချထားပေးဖို့ ကျနော် တောင်းဆိုခဲ့ပါသေးတယ်”လို့ ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်း ထုတ်ပြန်ချက်တွေအရ အမေရိကန်နိုင်ငံမှာ COVID-19 ကူးစက်ခံနေရသူ စုစုပေါင်း ၁၈၈,၅၇၈ ယောက် ရှိနေပြီး သေဆုံးသူကတော့ ၃,၈၉၀ ယောက် ရှိသွားပြီလို့သိရပါတယ်။ COVID-19 ကူးစက်ခံရသူတွေထဲက ၇,၂၅၁ ယောက်ကတော့ ပြန်လည် ကျန်းမာလာခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ထိပ်တန်း ကူးစက်ရောဂါ ကျွမ်းကျင်ပညာရှင်ဖြစ်သူ ဒေါက်တာ Anthony Fauci ကလည်း COVID-19 ကြောင့် အမေရိကန်နိုင်ငံမှာ လူ ၁ သိန်းထက်မနည်း သေဆုံးလာနိုင်စရာ ရှိတယ်လို့ ပြောကြားထားပါတယ်။
Ref. CNA
You may also like these stories:
COVID-19 ကြောင့် ဂျပန်ဟာသ သရုပ်ဆောင် Ken Shimura သေဆုံး
COVID-19 ကူးစက်ခံခဲ့ရတဲ့ မင်းသား Tom Hanks နဲ့ ဇနီး LA ကို ပြန်ရောက်ပြီ
ပြည်သူတွေ လက်ဆေးကြဖို့ Matt Damon နဲ့ Kate Winslet တိုက်တွန်း