ရုရှားနိုင်ငံ မော်စကိုမြို့မှာ ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်ကုသရေးဆေးရုံကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က သမ္မတပူတင်လာရောက်စဉ် လှည့်လည်ပို့ဆောင်ပေးခဲ့တဲ့ ဆရာဝန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က သွားရောက်ခဲ့တဲ့ အဲဒီခရီးစဉ်မှာ သမ္မတပူတင်ကို ဆေးရုံအခြေအနေများ လိုက်လံရှင်းပြတဲ့ အဲဒီဆရာဝန်ဟာ ဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်မယ့် ပစ္စည်းတွေကို ဝတ်ဆင်ထားခြင်းမရှိဘူးလို့ ရုပ်သံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
ရောဂါကူးစက်ခံထားရတဲ့ ဆရာဝန်ဖြစ်သူ Protsenko က ” ဟုတ်ကဲ့။ ကျနော့်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထား ရပါတယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ သီးသန့်ခွဲနေခြင်းတွေ ပြုလုပ်နေပြီး နေထိုင်ရတာလည်း ကောင်းမွန်နေပါတယ်။ ကျနော့်အထင်တော့ ကျနော်ဟာ ရောဂါကုသရေးစင်တာမှာ အလုပ်လုပ်ရင်း ခံနိုင်ရည်ရှိနေပြီ ထင်ပါတယ် ” လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားပါတယ်။
သမ္မတပူတင်အနေနဲ့လည်း ဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိ၊မရှိဆိုတာကို နေ့စဉ်စမ်းသပ်မှုတွေ ပြုလုပ်နေတာကြောင့် စိုးရိမ်စရာမရှိဘူးလို့ တာဝန်ရှိသူတွေက ထုတ်ပြန်ထားကြောင်း ရုရှားသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ သမ္မတပူတင်ဟာ ရောဂါကူးစက်ခံထားရတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံချိန်မှာ အကာကွယ်ပစ္စည်းတွေကို ဝတ်ဆင်ခဲ့ပေမယ့် ဆရာဝန်နဲ့ တွေ့ဆုံချိန်မှာတော့ အကာအကွယ်တွေကို ဝတ်ဆင်ထားခြင်းမရှိတဲ့ အပြင် ဆရာဝန်နဲ့ လက်ဆွဲနှုတ်ဆက် ခဲ့သေးတယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိုနိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေကြေညာထားပြီး လိုက်နာခြင်းမရှိဘဲ အပြင်ထွက်သူများကို အများဆုံး ထောင် ၇နှစ်အထိ ချမှတ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
Ref; reuters.com
You may also like these stories:
COVID-19 ကူးစက်မှုများကြောင့် ကာစီနိုရုံတွေ ပိတ်ဖို့ ကမ္ဘောဒီးယားဝန်ကြီး ညွှန်ကြား
COVID-19 ကြောင့် အမေရိကန်မှာ တရက်အတွင်း လူ ၇၀၀ သေဆုံး
ကိုရိုနာကြောင့် သေဆုံးသူများတွင် အမျိုးသမီးထက် အမျိုးသားလူဦးရေပိုများ