Trend

COVID-19 ပျံနှံ့မှုတွေကြောင့် Wimbledon ပွဲစဉ်များ ဖျက်သိမ်း

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကြောင့် ကမ္ဘာအနှံ့အပြားမှာ ကျင်းပလျက်ရှိတဲ့ အားကစားပွဲအားလုံးကို ဖျက်သိမ်းလျက်ရှိပါတယ်။ Wimbledon ဟာလည်း ပွဲကျင်းပမှုကို ဖျက်သိမ်းမှာ ဖြစ်ကြောင်း ဧပြီ ၁ ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။

Wimbledon ပွဲစဉ်များကို ၁၉၄၅ ခုနှစ် နောက်ပိုင်းမှာ တခါမှ ဖျက်သိမ်းခဲ့ခြင်း မရှိပေမယ့် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုများကို ထိန်းချုပ်ဖို့ အတွက် အခုလို ဖျက်သိမ်းခဲ့တာလည်း ဖြစ်ပါတယ်။

အင်္ဂလန်နိုင်ငံမှာ ကျင်းပမယ့် ပြိုင်ပွဲအားလုံးကို ဖျက်သိမ်းဖို့အတွက် ဧပြီလ ၁ ရက်နေ့က အရေးပေါ်အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“အခုလို ပွဲစဉ်တွေကို ဖျက်သိမ်းရတာ အရမ်းကို ဝမ်းနည်းမိပါတယ်။ ဒါပေမဲ့ ပွဲကျင်းပရေးကောင်စီများနဲ့အစည်းအဝေးပြုလုပ်ပြီး ၂၀၂၀ မှာ ပြုလုပ်မယ့် အားကစားပွဲများကို ပြည်သူ့ကျန်းမာရေးအတွက် ဖျက်သိမ်းဖို့ဆုံးဖြတ်ခဲ့ပါတယ်”လို့ Wimbledon ရဲ့ ဝက်ဘ်ဆိုက်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အင်္ဂလန်မှာ ကျင်းပမယ့် အားကစားပွဲများကို ယခုနှစ် နွေဦးမှာ ပြန်လည် ကျင်းပဖို့ စီစဉ်ထားတာတွေ ရှိပေမယ့်အစိုးရအနေနဲ့ လူစုလူဝေးပြုလုပ်ခွင့်ကို ပိတ်ပင်ထားတာကြောင့် ပြန်လည် လုပ်မယ့် အချိန်ကိုတော့ မသိရသေးတာကြောင့် လာမယ့် လများမှာ အပြောင်းအလဲတော့ ရှိနိုင်တယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ Wimbledon ပွဲစဉ်များမှာ Novak Djokovic နဲ့ Simona Halep တို့က အနိုင်ရဗိုလ်စွဲခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဧပြီလ ၁ ရက် ည ၈ နာရီအထိ COVID-19 ကူးစက်ခံရသူ ၁၆ ဦးအထိ ရှိပြီဖြစ်တယ်လို့ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ထုတ်ပြန်ထားပါတယ်။

Ref. CNN, CBS

You may also like these stories:

COVID-19 ကြောင့် ဂျပန်ဟာသ သရုပ်ဆောင် Ken Shimura သေဆုံး

COVID-19 ကူးစက်ခံခဲ့ရတဲ့ မင်းသား Tom Hanks နဲ့ ဇနီး LA ကို ပြန်ရောက်ပြီ

ပြည်သူတွေ လက်ဆေးကြဖို့ Matt Damon နဲ့ Kate Winslet တိုက်တွန်း

Loading