အမေရိကန်မှာ စံချိန်တင် ကိုရိုနာဗိုင်းရပ်စ် ၂၀၀,၀၀၀ ကျော် ကူးစက်ခံရ
အမေရိကန်နိုင်ငံမှာ ဖလော်ရီဒါပြည်နယ် အပါအဝင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း များလာတာကြောင့် ပြည်သူတွေကို အိမ်မှာပဲနေဖို့ တိုက်တွန်းထားပါတယ်။ အခုချိန်မှာ အမေရိကန်ရဲ့ ကူးစက်ခံရမှုနှုန်းဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးအဖြစ် ဧပြီလ ၁ ရက်နေ့မှာ ၂ သိန်းကျော် ကူးစက်ခံရနေပြီလို့ ဆိုပါတယ်။
ဒါကြောင့် အမေရိကန်နိုင်ငံသားတိုင်း ကာကွယ်ဖို့အတွက် Mask တွေ တပ်ဆင်သင့်ပြီလို့ သတိပေးထားပါတယ်။ ဧပြီလ ၁ ရက် နေ့လယ်ချိန်ထုတ်ပြန်ချက်အရ အတည်ပြုလူနာ ၂၁၀,၀၀၀ ကျော် ရှိပြီး ၄,၇၀၃ သေဆုံး သွားခဲ့ပြီဖြစ်ပါတယ်။ နေ့စဉ် အမြင့်အဆုံးအနေနဲ့ လူပေါင်း ၉၀၀ ကျော် စံချိန်တင် ကူးစက်ခံခဲ့ရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကတော့ ကျန်းမာရေးဝန်ထမ်း (သို့) လူနာမဟုတ်ရင် Mask တပ်စရာမလိုဘူး လိ့ ထုတ်ပြန်ထားပေမယ့်လည်း အမေရိကန်က ကူးစက်ခံလူနာတော်တော်များများမှ
အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးစင်တာက တာဝန်ရှိသူတဦးက နိုင်ငံထဲမှာ ကိုရို နာဗိုင်းရပ်စ် ကူးစက်ခံလူနာ ၂၅ ရာခိုင်နှုန်းဟာ သံသယလက္ခဏာ မပြခဲ့ကြဘူးလို့ ဆိုပါတယ်။ အမေရိကန်က ကျန်းမာရေးတာဝန်ရှိသူ တွေဘက်က ကြိုတင်ကာကွယ်ရေးအတွက် Mask တပ်သင့်တဲ့အကြောင်းကို ပညာ ပေးသင့်ပြီလို့ ဆိုပါတယ်။
ကာကွယ်ရေးအတွက် Mask တပ်သင့်ကြောင်း၊ အချက်အလက်အမှန်ကို သိရဖို့ လေ့လာမှုတွေ ဆက်လက်လုပ် ဆောင်နေတယ်လို့ WHO ရဲ့ Director General Tedros Adhanom ဧပြီလ ၁ ရက်က ပြောကြားလိုက်ပါတယ်။
အမေရိကန်မှာ ပြည်သူ့ကျန်းမာရေးအတွက် Mask တပ်သင့်တယ်ဆိုတာ ပြောဆိုလာကြပေမယ့် တကယ့် ရှေ့တန်းကနေ လုပ်ဆောင်နေရတဲ့ ဆေးရုံတွေက ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေမှာတောင် Mask လုံလောက်မှု မရှိ ဖြစ်နေပါတယ်။
ကူးစက်ပျံ့နှံ့နေတဲ့ နိုင်ငံတော်တော်များများမှာ ကျန်းမာရေးဝန်ထမ်းတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသလို သေဆုံးခဲ့ရတာတွေလည်း ရှိပါတယ်။ နောက်ထပ် ဝမ်းနည်းစရာကတော့ လစ်လပ်သွားတဲ့ နေရာတွေမှာ အစားမထိုးနိုင်ဘဲ ရှိတဲ့လူအင်အားနည်းနဲ့ ပြည်သူတွေကျန်းမာရေးအတွက် စောင့်ရှောက်မှုတွေ ပေးနေရတာပါ။
အမေရိကန်နိုင်ငံရဲ့ ၉၀ ရာခိုင်နှုန်းသော ပြည်သူတွေဟာ အိမ်မှာပဲ နေထိုင်နေရပြီး စတင်ဖြစ်ပေါ်ခဲ့ ဝါရှင်တန်၊ King County မှာတော့ Social distancing ခပ်ခွာခွာနေကြဖို့ ကြိုးပမ်းမှုက အရာထင်နေပြီလို့ ပြည်သူ့ကျန်းမာရေးဌာနက ဒေါက်တာ Jeff Duchin က ဆိုပါတယ်။
ဥရောပနိုင်ငံတွေမှာတော့ ကြိုတင်ကာကွယ်မှုအဖြစ် Social distancing တွေနဲ့ အသွားအလာ ကန့်သတ်ထားမှုတွေကြောင့် ပြန့်ပွားမှုနှုန်းတွေ လျော့ချလာနိုင်ပြီး ထောင်နဲ့ချီတဲ့ ပြည်သူတွေရဲ့အသက်ကို ကြိုတင် ကာကွယ်လာနိုင်တယ်လို့ ဆိုပါတယ်။
Ref: edition.cnn
You may also like these stories:
ဒီအရာတွေကို ထိတွေ့ ကိုင်တွယ်ပြီးတာနဲ့ ချက်ချင်းလက်ဆေးသင့်