Trend

Delivery Service တွေ ခေတ်စားကုန်ပြီ

ကိုဗစ်-၁၉ ရောဂါပိုးကြောင့် လူတွေ အိမ်မှာနေကြတယ်။ အိမ်မှာပဲနေပြီး အလုပ်လုပ်ကြတယ်။ စားသောက်ဆိုင်တွေ ပိတ်ထားရတယ်။ သူတို့ ဘယ်မှာ ဝယ်စားကြလဲ … Food Delivery Service ပဲပေါ့။

ရန်ကုန်မှာလည်း အစားအသောက်ကို အိမ်ကိုမှာစားတဲ့ Service က ခေတ်စားလာသလို အိမ်နီးချင်း ထိုင်းနိုင်ငံမှာလဲ Delivery Service ရဲ့ ဈေးကွက်က ကျယ်ပြန့်လာတာကို တွေရတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မှာဆိုရင် Food Delivery Service က မနှစ်ကတည်းကစပြီး ခေတ်စားလာတာ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ကြောင့် ဒီလုပ်ငန်းဟာ တမဟုတ်ချင်းကို ကြီးထွားလာခဲ့ပါတယ်။ K Research (Kasikorn ဘဏ်ရဲ့ လက်အောက်က) ရဲ့ အဆိုအရ ၂၀၁၉ မှာ ဒီလုပ်ငန်းဟာ ၃၃ ဘီလီယံ ဘတ်ကနေ ၃၅ ဘီလီယံဘတ် တန်ဖိုး ရှိခဲ့တယ်လို့ မှတ်တမ်းပြုထားပါတယ်။

ဒီနှစ်မှာတော့ Delivery Service ရဲ့ တန်ဘိုး ဈေးကွက်ဟာ ပိုပြီး တက်ဖို့ပဲ ရှိပါတယ်လို့ မှတ်ချက်ပြုထားပါတယ်။ ဘန်ကောက်မြို့ပေါ်မှာ Food Delivery လုပ်တဲ့ အသက် ၄၃ နှစ်အရွယ် Kaweewat Yoopanya က လွန်ခဲ့တဲ့ ၂ နာရီအတွင်း အစားအသောက်တွေကို ၁၅ ကြိမ် ပို့ဆောင်ပေးခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာကြီးကို ပြောပြခဲ့ပါတယ်။

အစိုးရက အထူးအမိန့်နဲ့ Lockdown လုပ်လိုက်ကတည်းက အိမ်ကနေမှာစားတဲ့ လုပ်ငန်းဝန်ဆောင်မှု အော်ဒါဟာ ၂ ဆတိုးသွားကြောင်း Jakkrit Kamwan ၃၅ နှစ်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ တွေ့ရတဲ့ အစားအသောက် ပို့ဆောင်သူ တဦး

ဒီလို အစားအသောက်တွေကို အော်ဒါပို့ရသူတွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာလည်း စိုးရိမ်ကြတဲ့အတွက် သူတို့ကိုယ်သူတို့လည်း ကာကွယ်သလို အိမ်မှာ သွားပို့တဲ့အခါမှာလည်း ညွှန်ကြားထားတဲ့အတိုင်း Social Distance အတိုင်း ခပ်ခွာခွာကပဲ ပို့ဆောင်တယ်လို့ ဆိုပါတယ်။

အစားအသောက်တွေကို On-line ကနေ မှာယူစားသုံးတဲ့ ဝန်ဆောင်မှုဟာ ဘန်ကောက်မှာ တွင်ကျယ်လာသလို ဒီလုပ်ငန်း လုပ်ကိုင်သူတွေရဲ့ ဝင်ငွေတွေလဲ တိုးပွားလာတယ်လို့ သိရပါတယ်။

ရန်ကုန်မှာလည်း ဒီလို ဝန်ဆောင်မှုတွေ အခုအချိန်မှာ ခေတ်စားလာနေတာ အမှန်ပဲ ဖြစ်ပါတယ်။

You may also like these stories:

နေမကောင်းတဲ့အခါ မြန်မြန် နာလန်ထစေဖို့ စားပေးသင့်တဲ့ အစားအစာများ

ချဉ်ငန်စပ်အရသာ ထိုင်းစတိုင် မာမားခေါက်ဆွဲသုပ် လုပ်စားကြမယ်

မရမ်းသီးရာသီမှာ ကျန်းမာရေးအတွက် မရမ်းသီး စားပေးသင့်တဲ့ အကြောင်းရင်း

Loading