ဖိလစ်ပိုင်နိုင်ငံမှာ ပြုလုပ်ထားတဲ့ Lockdown တွေမှာ စည်းကမ်းလိုက်နာခြင်း မရှိသူတွေကို ပစ်သတ်မည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဒူတာဒေးက ပြောဆိုခဲ့ပါတယ်။
ကျန်းမာရေးဝန်ထမ်းများကို အနှောင့်အယှက်ပေးခြင်းဟာ ကြီးမားတဲ့ ပြဿနာဖြစ်တာကြောင့် လုံးဝသည်းခံနေမှာ မဟုတ်ကြောင်း သူက ပြောပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံရခြင်းကို တားဆီးနိုင်ဖို့အတွက် ရောဂါခြေချုပ်နဲ့ အိမ်မှာ နေထိုင်ဖို့ အမိန့်ပေးထားချိန်မှာ အပြင်ထွက်သူများကို အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
“ရောဂါအနေအထားက ပိုပြီး ဆိုးလာပြီ။ နောက်တခါ ခင်ဗျားတို့ကို ထပ်ပြီး သတိပေးချင်တယ်။ ကျုပ်အနေနဲ့ ရဲတွေနဲ့ စစ်သားတွေကို အလုပ်တာဝန်နှောင့်ယှက်တာရှိလာရင် ပစ်သတ်ဖို့ အသိပေးပြီးဖြစ်တယ်။ ခင်ဗျားတို့ ရှင်းလား။ ကျုပ်တို့ကို အလုပ်ပိုရှုပ်အောင် လုပ်ရင် ပြဿနာ တက်ခံမယ့်အစား ခင်ဗျားတို့ကို မြေမြုပ်ရလိမ့်မယ်”လို့ ပြောဆိုခဲ့ပါတယ်။
ရဲများကတော့ သမ္မတအနေနဲ့ ရောဂါနဲ့ ပတ်သက်ပြီး ဘယ်လောက်အရေးထားကြောင်းကို သိစေချင်လို့ ပြောတာဖြစ်ပြီး အမှန်တကယ် သတ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
Ref. straitstimes.com
You may also like these stories:
အမေရိကန်မှာ စံချိန်တင် ကိုရိုနာဗိုင်းရပ်စ် ၂၀၀,၀၀၀ ကျော် ကူးစက်ခံရ
UK မှာ Lockdown ချထားတဲ့မြို့ထဲ ဆိတ်အုပ်စု ဝင်ရောက်လာ
COVID-19 ပျံနှံ့မှုတွေကြောင့် Wimbledon ပွဲစဉ်များ ဖျက်သိမ်း