ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေကြောင့် ပင်လယ် ထွက်နေတဲ့ သင်္ဘောတွေအနေနဲ့ သင်္ဘောပေါ်မှာ ဖျားနာသူနဲ့ သေဆုံးသူတွေ ရှိပါက ကမ်းမကပ်ရန် အမေရိကန်နိုင်ငံ ကမ်းရိုးတန်းရဲတပ်ဖွဲ့က ညွှန်ကြားထားတယ်လို့ သိရပါတယ်။
အသစ်ချမှတ်လိုက်တဲ့ စည်းမျဉ်းအရ အမေရိကန် ရေပိုင်နက်အတွင်းကို ရောက်ရှိလာမယ့် သင်္ဘောတွေအနေနဲ့ နေ့တိုင်း သတင်းပို့ပေးနေရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ရေပိုင်နက်အတွင်းကို ရောက်ရှိလာမယ့် နိုင်ငံတကာက သင်္ဘောတွေ အားလုံးကို ကျန်းမာရေးဌာနက စောင့်ကြပ်မှုတွေ ပြုလုပ်နေမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ချမှတ်လိုက်တဲ့ စည်းမျဉ်းအသစ်မှာ ဖလော်ရီဒါ၊ ဂျော်ဂျီယာ၊ တောင်ကယ်ရိုလိုင်းနားနဲ့ ပွာတိုရီကို တို့က ထွက်ခွာလာပြီး လူ ၅၀ ထက် ပိုမိုတင်ဆောင်ထားတဲ့ ရေယာဉ်အားလုံးမှာပါ သက်ရောက်မှာ ဖြစ်ပါတယ်။
လက်ရှိမှာ အမေရိကန်ရေပိုင်နက်အတွင်းကို ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတည်းရောက်ရှိပြီး ကမ်းကပ်ဖို့ အမိန့်ကို စောင့်ဆိုင်းနေရတဲ့ သင်္ဘော ၁၀၀ ရှိနေပါတယ်။ ခရီးသည် ၆၀၀၀ ခန့်ဟာ ပင်လယ်အတွင်းမှာ သောင်တင်နေပြီး ကျန်းမာရေးစမ်းသပ်ချက်တွေ ပြုလုပ်ဖို့ကိုလည်း စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။
Ref. abc7.com
You may also like these stories:
အမေရိကန်မှာ စံချိန်တင် ကိုရိုနာဗိုင်းရပ်စ် ၂၀၀,၀၀၀ ကျော် ကူးစက်ခံရ
UK မှာ Lockdown ချထားတဲ့မြို့ထဲ ဆိတ်အုပ်စု ဝင်ရောက်လာ
COVID-19 ပျံနှံ့မှုတွေကြောင့် Wimbledon ပွဲစဉ်များ ဖျက်သိမ်း