Trend

ထိုင်းမှာ မီးရထားပေါ် လိုက်ပါလာသူတဦး COVID-19 ကြောင့် သေဆုံး

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံနေရသူ ထောင်နဲ့ချီ ရှိနေပြီး နေ့စဉ်ဆိုသလို ကူးစက်ခံနေရသူပေါင်းရာနဲ့ချီပြီး ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့မှာတော့ ထိုင်းနိုင်ငံ မီးရထားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တဦး COVID-19 ကြောင့် သေဆုံးခဲ့ရပါတယ်။ လက်ရှိအချိန်ထိတော့ ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံနေရသူ စုစုပေါင်း ၁,၈၇၅ ယောက် ရှိနေပြီး သေဆုံးသူပေါင်း ၁၅ ယောက်အထိ ရှိသွားခဲ့ပါပြီ။

ဒီကနေ့မှာ ထိုင်းမှာ COVID-19 လူနာအသစ် ၁၀၄ ယောက် တွေ့တယ်လို့ သိရပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံက COVID-19 ကပ်ရောဂါကို ဆိုးဆိုးရွားရွား ခံစားနေရပါတယ်။

မီးရထားပေါ်မှာ COVID-19 ကြောင့် သေဆုံးခဲ့သူဟာ အသက် ၅၇ နှစ်အရွယ် ရှိသူဖြစ်ပြီး မကြာသေးခင် အချိန်ကမှ ပါကစ္စတန်နိုင်ငံကို သွားရောက် လည်ပတ်ပြီး ပြန်လာခဲ့သူတယောက် ဖြစ်ပါတယ်။

သူဟာ ဘန်ကောက်မြို့ကနေ တောင်ပိုင်းပြည်နယ်ဖြစ်တဲ့ Narathiwat ကို သွားရောက်စဉ်မှာ သေဆုံးခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံ မီးရထားဝန်ကြီးဌာနက ပြောပါတယ်။ ဒါကြောင့်လည်း ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ အရေအတွက် ထပ်မံ မြင့်တက်လာနိုင်စရာ ရှိနေပါတယ်။

သူ့အလောင်းကိုတော့ မီးရထား သန့်စင်ခန်းထဲမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ခရီးသည် အများအပြားကိုလည်း ထပ်မံ ကူးစက်နိုင်ပါသေးတယ်။ ဒါကြောင့် တာဝန်ရှိသူတွေအနေနဲ့ မီးရထားကို ပိုးသတ်ဆေးဖျန်းတာမျိုး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ ကျန်းမာရေးအာဏာပိုင်တွေအနေနဲ့ လည်း သူနဲ့အတူ တတွဲတည်း လိုက်ပါစီးနင်းခဲ့ကြတဲ့ ခရီးသွား ၁၅ ယောက်ရဲ့နာမည်တွေကို သိဖို့ စုံစမ်းနေတယ်လို့ သိရပါတယ်။

သူနောက်ကြောင်း ရာဇဝင်ကို စုံစမ်းကြည့်တဲ့အခါမှာလည်း ပါကစ္စတန်ကနေ ထိုင်းနိုင်ငံကို ဘယ်ချိန် ကတည်းက ရောက်ရှိနေခဲ့သလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။

ပါကစ္စတန်က ပြန်လာစဉ်မှာ တော့ မတ်လ ၂၆ ရက်နေ့ ရက်စွဲပါ ပါကစ္စတန် ဆရာဝန်တယောက်က ထုတ်ပေးထားတဲ့ ကျန်းမာ ရေးထောက်ခံစာ ပါတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း သူဟာ ထိုင်းနိုင်ငံကို ရောက်ပြီးမှ ရောဂါ ကူးစက်ခံခဲ့ရသလားဆိုတဲ့ မှန်းဆချက်မျိုး ရှိနေပါတယ်။

Ref: thestar

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်းများ ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ဆုံးရှုံးနစ်နာ

ထိုင်းတွင် COVID-19 ဖြစ်ပွားသူ ၁၅၂၄ ဦး ရှိလာ

Did you find apk for android? You can find new Free Android Games and apps.
Loading