Trend

COVID-19 ကြောင့် အာရှမှာ လူ ၁၁ သန်းကျော် ဆင်းရဲနိုင်ကြောင်း ကမ္ဘာ့ဘဏ်ကြေညာ

Want create site? Find Free WordPress Themes and plugins.

COVID-19 ကြောင့် ကမ္ဘာမှာ စီးပွားရေးတွေ ကျဆင်းနေပါတယ်။ အထူးသဖြင့်ကတော့ အာရှနိုင်ငံတွေပါပဲ။ အာရှနိုင်ငံအများစုဟာ ဆင်းရဲတဲ့နိုင်ငံတွေ များပါတယ်။ ဒါကြောင့်လည်း COVID-19 ကြောင့် အာရှကလူ ၁၁ သန်းနီးပါးလောက် ဆင်းရဲတွင်းနက်သွားမယ်လို့ ကမ္ဘာဘဏ်က ကြေညာခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်အနေနဲ့လည်း အာရှက လူ ၁၁ သန်းလောက်နီးပါး ဆင်းရဲတွင်းနက်သွားမှာကို ပူပန်မှုတွေ ရှိနေပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေကိုလည်း COVID-19 ကပ်ရောဂါကြီးက ကျရောက်နေပါပြီ။ ဒီကနေ့ အထိသိရတဲ့ သတင်းတွေအရ မြန်မာနိုင်ငံမှာ COVID – 19 ကူးစက်ခံထားရသူပေါင်း ၁၆ ယောက် ရှိနေပြီး တယောက် သေဆုံးခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ တကမ္ဘာလုံးအတိုင်း အတာအနေနဲ့ COVID-19 ကူးစက်ခံနေရသူစုစုပေါင်း ၉၄၀,၆၆၂ ယောက်ရှိနေပြီး သေဆုံးသူပေါင်း ၄၇,၅၆၁ ယောက် ရှိသွားခဲ့ပါပြီ။

ကမ္ဘာ့ဘဏ်ရဲ့ခန့်မှန်းချက်အရ ၂၀၂၀ ခုနှစ်အတွင်း COVID-19 ကြောင့် စီးပွားရေး ၂ ဒဿမ ၁ ရာခိုင်နှုန်း ကျဆင်းသွားနိုင်တယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံကို ကြည့်မယ်ဆိုရင်လည်း သိသိသာသာ စီးပွားရေးကျဆင်းသွားတာကို တွေ့နိုင်ပါတယ်။ အရှေ့တောင်အာရှအနေနဲ့ဆိုရင် ပိုပြီးအခြေအနေ ဆိုးလာနိုင်စရာ ရှိပါတယ်။

လက်ရှိအချိန်မှာတော့ COVID-19 ကြောင့် စားသောက်ဆိုင်၊ ဟိုတယ်၊ ခရီးသွားလုပ်ငန်း စတာတွေကို ယာယီ ပိတ်ပင်ထားရပါတယ်။ သယ်ယူပို့ဆောင်ရေးကြည့်မယ်ဆိုရင်လည်း လေကြောင်းလိုင်းတွေကို ယာယီပိတ်ထားရပါတယ်။

COVID-19 ဟာ ဘယ်လောက်ကြာကြာ ဆက်ပြီး ဖြစ်နေဦးမလဲဆိုတာ ဘယ်သူမှ တိတိကျကျ မသိရပါဘူး။ ဒါကြောင့်လည်း လူတွေအနေနဲ့ အထူးဂရုစိုက်ပြီး နေထိုင်သင့်ပါတယ်။ စီးပွားရေးကျဆင်းမှုတွေကလည်း ဆက်လက်ပြီး ဖြစ်ပွားလာနိုင်စရာ အကြောင်း ရှိနေပါတယ်။

Ref. CNN

You may also like these stories:

COVID 19 လူနာထားရန် ဧရာဝတီတိုင်းရှိ ဆေးရုံ ၂ ရုံ အဆင့်မြှင့်တင်မည်

အမေရိကန် ကိုဗစ်-၁၉ သေဆုံးမှု တရုတ်ထက်မြင့်

Did you find apk for android? You can find new Free Android Games and apps.
Loading