ဧပြီ ၃ ရက်နေ့၊ မနက် ၁ နာရီနောက်ပိုင်းမှာ Johns Hopkins တက္ကသိုလ်ရဲ့ COVID-19 Map စာရင်းမှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအရ ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁,၀၂၂,၄၉၃ ဦးနဲ့ သေဆုံးသူ ၅၃,၄၃၅ ဦးရှိပြီး ပြန်လည်သက်သာသူ အရေအတွက် ၂၀၉,၈၇၉ ဦး ရှိတယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ ကူးစက်ဖြစ်ပွားမှု အများဆုံးတွေ့ရှိရတဲ့ နိုင်ငံဟာ အမေရိကန်ဖြစ်ပြီး ကူးစက်ခံရသူ ၂၄၅,၀၈၀ ဦးအထိ မြင့်တက်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံမှာ သေဆုံးမှု မြင့်တက်နေပြီး လက်ရှိမှာ သေဆုံးမှု အများဆုံးနိုင်ငံကတော့ အီတလီနိုင်ငံ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တဲံ့ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုနှုန်းဟာ တရုတ်မှာ သိသာစွာလျော့ကျသွားခဲ့ပြီး အခြား ကမ္ဘာ့နိုင်ငံတွေမှာတော့ ဆက်လက် မြင့်တက်နေတာ ဖြစ်ပါတယ်။ စာရင်းတွေအရ အမေရိကန်၊ အီတလီ၊ စပိန်နဲ့ ဂျာမနီ နိုင်ငံတွေမှာ ဗိုင်းရပ်စ်ကူးစက်မှုဟာ တရုတ်မှာထက် ပိုမိုများပြားနေတယ်လို့ သိရပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်ဟာလည်း အီတလီ၊ စပိန်၊ ဂျာမနီ၊ အမေရိကန်၊ ပြင်သစ်တို့က တရုတ်နိုင်ငံထက် ကျော်လွန် များပြားသွားခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ အသိပေးမှုတွေအရ COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုတွေဟာ အလျင်အမြန် အဆုံးသတ်ရန် မလွယ်ကူသေးကြောင်း သိရပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ၂၀ ဦးအထိ တွေ့ရှိထားပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Ref. Reuter
You may also like these stories:
အမေရိကန်မှာ စံချိန်တင် ကိုရိုနာဗိုင်းရပ်စ် ၂၀၀,၀၀၀ ကျော် ကူးစက်ခံရ
UK မှာ Lockdown ချထားတဲ့မြို့ထဲ ဆိတ်အုပ်စု ဝင်ရောက်လာ
COVID-19 ပျံနှံ့မှုတွေကြောင့် Wimbledon ပွဲစဉ်များ ဖျက်သိမ်း