ဒီကနေ့ မနက်ခင်း ထုတ်ပြန်ချက်တွေအရ တကမ္ဘာလုံးအတိုင်းအတာနဲ့ COVID-19 ကူးစက်ခံ နေရသူစုစုပေါင်း ၁ သန်းကျော် ရှိသွားခဲ့ပါပြီ။ သေဆုံးသူပေါင်းကလည်း ၅၃,၂၁၆ ယောက် ရှိသွားခဲ့ပါပြီ။ COVID-19 ကူးစက်ခံနေရသူ ၁ သန်းကျော် ရှိတဲ့အနက် ပြန်လည် သက်သာလာသူ လူပေါင်း ၂ သိန်းကျော်ရှိပါတယ်။
လက်ရှိအချိန်ထိတော့ ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံနေရသူ ၁၈၇၅ ယောက် ရှိနေပြီး သေဆုံးသူပေါင်း ၁၅ ယောက်ရှိသွားခဲ့ပါပြီ။ မြန်မာနိုင်ငံမှာလည်း ကူးစက်ခံနေရသူ ၂၀ ယောက်ရှိနေပြီး ၁ ဦး သေဆုံးခဲ့ပါတယ်။
ထိုင်းနိုင်ငံက ဖူးခက်မြို့ဟာ ခရီးသွားတွေကြားမှာ ရေပန်းစားတဲ့ မြို့ပါ။ ဒီအချိန်မှာတော့ ဖူးခက်မြို့ကလည်း COVID-19 ကပ်ရောဂါဆိုးရဲ့အန္တရာယ်ကို ရင်ဆိုင်နေရပါပြီ။ ဒါကြောင့်လည်း ဆိုင်ကယ် ငှားရမ်းတဲ့ လုပ်ငန်း လုပ်ကိုင်သူတွေကို ဆက်ပြီး မပြုလုပ်ကြဖို့ တားမြစ်လိုက်ပြီး ၂၄ နာရီဖွင့်တဲ့ စတိုးဆိုင်တွေကိုလည်း အချိန် အကန့်အသတ်နဲ့သာ ဖွင့်ခွင့် ပြုထားပါတယ်။
ဖူးခက်မှာ ၂၄ နာရီ ဖွင့်နေတဲ့ စတိုးဆိုင်တွေအားလုံးဟာ ည ၈ နာရီကနေ မနက် ၅ နာရီအထိ ပိတ်ထားရမယ်လို့ သိရပါတယ်။ ဒီအမိန့်ကို ကူးစက်ရောဂါဆိုင်ရာ ကော်မတီက ဧပြီ ၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဖူးခက်အပြင် ဘန်ကောက်မြို့မှာလည်း ၂၄ နာရီဖွင့်တဲ့ စတိုးဆိုင်တွေကို ကန့်သတ်မှုတွေပြုလုပ်လာပါတယ်။
ထိုင်းမှာ နေ့စဉ်ဆိုသလို COVID-19 ကူးစက်ခံနေရသူ ရာနဲ့ချီပြီး ရှိနေပါတယ်။ ဒါကြောင့်လည်း သက်ဆိုင်ရာ အာဏာပိုင်တွေက အခုလို ကန့်သတ်မှုတွေ ပြုလုပ်နေရခြင်း ဖြစ်ပါတယ်။
COVID-19 အန္တရာယ်ကို မြန်မာနိုင်ငံအနေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ နောက်ပိုင်းကာလတွေမှာ ကူးစက်ခံရသူ အရေအတွက် ပိုပြီးမြင့်တက်လာနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့် လည်း မြန်မာနိုင်ငံသားတွေအနေနဲ့ ဆင်ခြင်ပြီး နေထိုင်ရမယ့်အချိန် ရောက်လာနေပါပြီ။
Ref: thephuketnews
You may also like these stories:
ကလေးများလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ကြောင်း WHO သတိပေး
သွားလာလှုပ်ရှားမှု ထိန်းချုပ်မိန့်ကို ချိုးဖောက်သူများအား မလေးရှား ရဲတပ်ဖွဲ့ ဖမ်းဆီး
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁ သန်း ကျော်ပြီ