• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ခွေးသား၊ ကြောင်သားတွေကို စားသုံးခွင့် ပိတ်ပင်တဲ့ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့

by ဟယ်လ်သင်
3 April 2020
in Trend
A A
အိမ်မွေးတိရစ္ဆာန်တွေကို အစားအစာအဖြစ် စားသုံးခြင်းတွေ နိုင်ငံတွင်းမှာ မြင့်တက်နေတာကြောင့် အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေကို အစားအစာအဖြစ် စားသုံးခြင်းတွေ နိုင်ငံတွင်းမှာ မြင့်တက်နေတာကြောင့် အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

13k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံ တောင်ပိုင်း၊ ရှန်ကျန်း (Shenzhen) မြို့ဟာ ခွေးတွေ၊ ကြောင်တွေကို ဟင်းလျာအဖြစ် စားသုံးခြင်းကို ပိတ်ပင်တားမြစ်လိုက်တဲ့ နိုင်ငံရဲ့ ပထမဆုံးမြို့ ဖြစ်လာခဲ့ပါပြီ။

ဒီကြေညာချက်ကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပြီး ခွေးတွေ၊ ကြောင်တွေလို အိမ်မွေးတိရစ္ဆာန်တွေကို အစားအစာအဖြစ် စားသုံးခြင်းတွေ နိုင်ငံတွင်းမှာ မြင့်တက်နေတာကြောင့် အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

RelatedPosts

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

20 July 2025
153
ဖားကန့်မြို့

ဖားကန့်မြို့

20 July 2025
194
ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

ဗိုလ်ချုပ်က စာနယ်ဇင်းသမားကို မပစ်ပယ်ဘူး

19 July 2025
357

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်နေတာကြောင့် တောရိုင်းတိရစ္ဆာန်တွေကို မှောင်ခိုအနေနဲ့ရော၊ ပေါ်ပေါ်ထင်ထင်အဖြစ်ရော စားသုံးရောင်းချနေမှုတွေကို ပိတ်ပင်တားမြစ်လိုက်ပြီး အခု ကြေညာချက်ဟာ အိမ်မွေးတိရစ္ဆာန်တွေကို အစားအစာအဖြစ် စားသုံးခြင်းကနေ ရပ်တန့်ဖို့ ဒုတိယအကြိမ်အနေနဲ့ တားမြစ်ချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီလိုမျိုး ကြေညာချက်တွေ ထုတ်ပြန်ထားပေမယ့် နိုင်ငံတွင်းမှာတော့ တရားမဝင် ရောင်းချမှုတွေ၊ စားသုံးမှုတွေ ရှိနေဆဲဖြစ်ပြီး ဒီလို တရားမဝင် ကုန်သွယ် ရောင်းချနေမှုတွေကို ရပ်တန့်နိုင်ဖို့ကတော့ ချက်ချင်း ဆိုသလို လွယ်ကူမှာ မဟုတ်သေးပါဘူး။

ရှားပါး တောရိုင်းတိရစ္ဆာန်တွေ အကောင်ရေ လျော့နည်းလာခြင်းကို ကာကွယ်နိုင်ဖို့၊ အိမ်မွေးတိရစ္ဆာန်တွေကို သနားငဲ့ညှာသမှု ပြုနိုင်ဖို့နဲ့ ဒါတွေ စားသုံးခြင်းကနေ မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်ပေါ်စေဖို့အတွက် တားမြစ် ပိတ်ပင်လိုက်ရတာလည်း ဖြစ်ပါတယ်။

အိမ်မွေး တိရစ္ဆာန်တွေနဲ့ ရှားပါး တောရိုင်းတိရစ္ဆာန်တွေ စားသုံးခြင်းကိုသာ ကန့်ကွက် ပိတ်ပင်လိုက်တာဖြစ်ပြီး တခြားသော ကျွဲနွားတိရစ္ဆာန်၊ မြည်း၊ သိုး၊ ယုန်၊ ခို၊ ငုံး၊ ဘဲငန်း၊ ဘဲ၊ ကြက် စတာတွေနဲ့ ရေနေသတ္တဝါတွေကိုတော့ စားသုံးခွင့်ပြုထားတာ ဖြစ်ပါတယ်။

ဒီတရားဝင်ကြေညာချက်ကို ချိုးဖောက်မယ်ဆိုရင်တော့ တိရစ္ဆာန်ရဲ့တန်ဖိုးအဆ ၃၀ ဒါမှမဟုတ် ဒေါ်လာ ၁၄၀၀ ကို ဒဏ်ငွေအဖြစ် ပေးဆောင်ရမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာဆိုရင် တောရိုင်းတိရစ္ဆာန်ရောင်းဝယ်မှု ဈေးကွက်အချက်အချာ နေရာဖြစ်တဲ့ ဝူဟန်မြို့ကနေ စတင်ခဲ့တာကြောင့်လည်း အခုလို ကြေညာချက်တွေ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ၂၀၀၃ ခုနှစ် SARS ရောဂါတွေ ကူးစက်ပြန့်ပွားစဉ် ကာလတုန်းကလည်း မြွေတွေကို စားသုံးခြင်းကနေ ရပ်တန့်ဖို့ တားမြစ် ပိတ်ပင်ခဲ့ဖူးပါတယ်။

ဒီလိုတွေ တားမြစ် ပိတ်ပင်ခဲ့ဖူးပေမယ့် တရုတ်နိုင်ငံမှာ တောရိုင်းတိရစ္ဆာန်တွေကို ဆေးဝါး ဖော်စပ်တာ၊ ဟင်းလျာအဖြစ် စားသုံးတာတွေဟာ နိုင်ငံတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာကြောင့် ထိန်းချုပ်နိုင်ဖို့ဆိုတာ လွယ်လွယ်ကူကူ ဖြစ်လာမှာ မဟုတ်တာတော့ အသေအချာပဲ ဖြစ်ပါတယ်။

Ref. www.cnn.com

You may also like these stories:

အမေရိကန်မှာ စံချိန်တင် ကိုရိုနာဗိုင်းရပ်စ် ၂၀၀,၀၀၀ ကျော် ကူးစက်ခံရ

UK မှာ Lockdown ချထားတဲ့မြို့ထဲ ဆိတ်အုပ်စု ဝင်ရောက်လာ

COVID-19 ပျံနှံ့မှုတွေကြောင့် Wimbledon ပွဲစဉ်များ ဖျက်သိမ်း

Your Thoughts …
Tags: Shenzhen မြို့တရုတ်နိုင်ငံ
ဟယ်လ်သင်

ဟယ်လ်သင်

Similar Picks:

၂၀၂၂ ခုနှစ်က မိုင်းလားတွင် MNDAA တပ်ဖွဲ့ဝင်များ စစ်ရေးပြစဉ်  /  ကိုးကန့် မီဒီယာ

မြန်မာနှင့် တရုတ်ကြား ညပ်နေသော ကိုးကန့်

by Bertil Lintner
21 January 2023
10.7k

ထိုသို့ ရှုပ်ထွေးသောအခြေအနေတွင် မြန်မာစစ်တပ်နှင့် ပဋိပက္ခ၌ MNDAA ပါဝင်လာသည်မှာ ယခုအချိန်သည် ပထမဆုံးအချိန်မဟုတ်သည်ကို မှတ်မိသင့်သည်။

၂၀၁၉ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် Invest Myanmar Summit ၏ ရန်ကုန်တိုင်းပြခန်းသို့ ဒေါ်အောင်ဆန်းစုကြည် လာကြည့်စဉ် / NYDC

ရန်ကုန်မြို့သစ်စီမံကိန်း စစ်ကောင်စီ ပြန်စချင်လည်း တရုတ်မျက်နှာ ကြည့်နေရ

by ဧရာဝတီ
31 March 2022
18.1k

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) ၏ ဒါရိုက်တာအဖွဲ့ကို စစ်ကောင်စီက ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာ ၁ ရက်တွင် လူသစ်များဖြင့် ပြန်လည်ဖွဲ့စည်းလိုက်သည်။

ဘုန်းတော်ကြီး ဒလိုင်းလားမား နေထိုင်ခဲ့ဖူးရာ Potala Palace

တရုတ်နိုင်ငံမှာရှိတဲ့ ထူးထူးခြားခြား နေရာများ

by ညီညီသူ
6 March 2019
6.7k

တရုတ်နိုင်ငံဟာ စူးစမ်းလေ့လာစရာတွေ ပေါများပြီး အံ့သြဖွယ်ကောင်းတဲ့ တိုင်းပြည် တပြည်ပါ။ တရုတ်နိုင်ငံမှာဆိုရင်တော့ အင်မတန်ရှေးကျတဲ့ အဆောက်အဦတွေအပြင် လှပတဲ့ ရှုခင်းတွေ ပြည့်နှက်နေပါတယ်။

တရုတ်နိုင်ငံ

တရုတ်နိုင်ငံကို အလည်သွားမယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

by ညီညီသူ
22 March 2019
9k

ATM စက်တွေကိုတော့ အဓိကကျတဲ့ မြို့ ကြီးတွေမှာသာ အသုံးပြုနိုင်မှာဖြစ်ပြီး ခရီးသွားတွေ အသွားအလာများတဲ့ ဒေသတွေမှာတော့ နိုင်ငံတကာ အသုံးပြုနိုင်တဲ့ ATM စက်တွေကို တွေ့ရခက်ခဲနိုင်ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရေနက်ဆိပ်ကမ်းတွင် ရေနံတင်သင်္ဘောတစီး ဆိုက်ကပ်ထားစဉ်

တရုတ်သို့ ရေနံတင်ပို့ရန် ရုရှားက မြန်မာပိုက်လိုင်း အသုံးပြု

by ဧရာဝတီ
2 May 2023
4.5k

တရုတ်သို့ မြန်မာပိုက်လိုင်းမှတဆင့် ရုရှားရေနံတင်ပို့ခြင်းသည် ရုရှားရေနံ တင်ပို့သူများက အာရှတွင် လမ်းကြောင်းသစ် စမ်းသပ်ခြင်းဖြစ်သည်ဟု Energy Intelligence ကဖေါ်ပြသည်။

စစ်ခေါင်းဆောင် ခရီးထွက်တဲ့နေ့ လေဆိပ်တိုက်ခိုက်ခံရတယ်လို့ဆို (ရုပ်/သံ)

စစ်ခေါင်းဆောင် ခရီးထွက်တဲ့နေ့ လေဆိပ်တိုက်ခိုက်ခံရတယ်လို့ဆို (ရုပ်/သံ)

by ဧရာဝတီ
5 November 2024
242

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံ ခရီးစဉ် ထွက်ခွာတဲ့ ဒီကနေ့ မနက်ပိုင်းမှာပဲ နေပြည်တော်လေဆိပ် တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် တွေက ဖော်ပြပါတယ်။

Next Post
Quarantine ဆိုတာ ဘာလဲ၊ မလိုက်နာရင် ဘာဖြစ်မလဲ (ရုပ်/သံ)

Quarantine ဆိုတာ ဘာလဲ၊ မလိုက်နာရင် ဘာဖြစ်မလဲ (ရုပ်/သံ)

Covid-19 ကာကွယ်ရေးကို ထိန်းချုပ်နယ်မြေတွင်လည်းဆောင်ရွက်နေ / The Kachin Net

တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများထဲက COVID -19 ကာကွယ်ရေး

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
4.9k
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

1 day ago
4.8k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate