Trend

ကိုရိုနာကာကွယ်ရေးအတွက် Mask မတပ်ဘူးလို့ဆိုလာတဲ့ သမ္မတထရန့်

Want create site? Find Free WordPress Themes and plugins.

အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန (The Centers for Disease Control and Prevention) က နိုင်ငံ သားတိုင်း အပြင်ထွက်မယ်ဆိုရင် အကာအကွယ် Mask မဖြစ်မနေတပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ သမ္မတ ထရန့်ကတော့ Mask တပ်တယ်ဆိုတာ ကိုယ့်ဆန္ဒသက်သက်နဲ့ဆောင်ရွက်ရတာဖြစ်လို့ သူကိုယ်တိုင်တော့ တပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

“Mask တပ်တယ်၊ မတပ်ဘူးဆိုတာ ကိုယ့်ဆန္ဒလျောက် လုပ်ရတာမျိုးပဲလေ။ ခင်ဗျားတို့ တပ်မယ်ဆိုလည်း ရတယ်။ မတပ်ဘူးဆိုလည်း ဖြစ်တယ်။ ကျနော်ကိုယ်တိုင်ဆို မတပ်ဘူး။ တပ်တာတော့ ကောင်းတာပေါ့။ ဒါလုပ်သင့်တယ်လို့ အကြံပြုတဲ့သဘောပါ” လို့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အိမ်ဖြူတော်က နေ့စဉ်ပြောကြားချက် မှာ သမ္မတထရန့်က ပြောကြားလိုက်တာပါ။

 

CDC က တာဝန်ရှိသူတွေကတော့ ပြည်သူတွေ အပြင်ထွက် ဈေးဝယ်တဲ့အခါ မဖြစ်မနေ Mask ဒါမှမဟုတ် ပဝါ ဖြစ်ဖြစ် သုံးပြီး နှာခေါင်းနဲ့ ပါးစပ်တို့ကို လုံအောင်ပိတ်ထားကြဖို့ တိုက်တွန်းသင့်ကြောင်း သမ္မတကို ရက်အ တော်ကြာ တွန်းအားပေးနေကြတာပါ။

ဒါပေမယ့်လည်း သမ္မတကတော့ အိမ်ဖြူတော်မှာ မီဒီယာတွေနဲ့ တွေ့ဆုံချိန် Mask မဖြစ်မနေတပ်ဖို့ မပြော သွားတဲ့အပြင် သူကိုယ်တိုင်လည်း Mask မတပ်ချင်ဘူးလို့ ပြောဆိုသွားပါတယ်။ ဒါ့ပြင် သမ္မတက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုရှိနေသေးရင်တောင် ရွေးကောက်ပွဲကို သတ်မှတ်ထားတဲ့ရက်အတိုင်း လုပ်သွားမယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ထရန့်ကတော့ Mask တပ်တာကို မဖြစ်မနေလုပ်ရမယ်လို့ မတိုက်တွန်းတဲ့အပြင် သူကိုယ် တိုင်လည်း အများပြည်သူရှေ့သွားတဲ့အခါ တပ်မှာမဟုတ်ဘူးလို့ ဆိုပေမယ့် ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပေါ်ခဲ့တဲ့ တရုတ်နိုင်ငံမှာတော့ သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် ကူးစက်ရာနေရာတွေကို သွားတဲ့အခါမျိုးမှာ Mask တပ်ဆင်ပြခဲ့ပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရာနေရာတွေနဲ့ ဆေးရုံတွေကို သမ္မတ ရှီနဲ့ အစိုးရအဖွဲ့ဝင်တွေ သွားရောက်တဲ့အခါက Mask တပ်ပြခဲ့သလို လက်ကို စနစ်တကျသန့်စင်ခဲ့တာတွေပါ လုပ်ပြခဲ့တာကိုကြည့်ပြီး ပြည်သူတွေလည်း အပြင်ထွက်တဲ့အခါ Mask လိုက်တပ်ခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

သမ္မတ ရှီကတော့ သူကိုယ်တိုင် ထုတ်ပြန်ထားတဲ့ ကျန်းမာရေးစည်းကမ်းတွေကို စနစ်တကျလိုက်နာခဲ့တဲ့ အပြင် ပြန်လည်သက်သာလာတဲ့ နေရာတွေကို သွားရောက်ခဲ့စဉ် Mask ကို တပ်ဆင်ထားတွေ့ခဲ့ရသလို ပြည်သူတွေကိုလည်း ကျန်းမာရေးဌာနက ထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

သမ္မတထရန့်က Mask တပ်ဖို့ကို သူလိုက်နာမှာမဟုတ်ဘူးလို့ ပြောနေပေမယ့် ဇနီးသည် Melania က တွစ်တာ စာမျက်နှာကတဆင့် တယောက်နဲ့တယောက် Social distancing ထားဖို့နဲ့ အပြင်ထွက်တဲ့အခါ Mask တပ်ကြဖို့ တိုက်တွန်းထားပါတယ်။

WHO ကလည်း ယခင်က ချောင်းဆိုး၊ နှာစေး၊ နေမကောင်းဖြစ်သူတွေပဲ Mask တပ်သင့်တယ်လို့ ပြောကြား ခဲ့ပေမယ့် အခုခါမှာတော့ နိုင်ငံတိုင်းက အစိုးရတာဝန်ရှိသူတွေကို ပြည်သူတွေ Mask တပ်ဖို့ တွန်းအားပေးဖို့ တိုက်တွန်းလာပါပြီ။

ဆေးရုံသုံး Mask တွေကတော့ ဗိုင်းရပ်စ်ကုသရေးအတွက် ရှေ့တန်းကနေ ဆောင်ရွက်နေတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို ဦးစားပေးသင့်လို့ သာမန်ပြည်သူတွေကတော့ အိမ်မှာကိုယ်တိုင်လုပ်နိုင်တဲ့ အဝတ် Mask တွေ တပ်ကြဖို့ အကြံပေးထားပါတယ်။

Ref: NY Times, the Guardian, South China Morning Post

You may also like these stories:

ခွေးသား၊ ကြောင်သားတွေကို စားသုံးခွင့် ပိတ်ပင်တဲ့ တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့

ဆေးဘက်သုံးပစ္စည်းတွေ တရားမဝင် တင်ပို့မှုကို အရေးယူမယ့် သြစတြေးလျနိုင်ငံ

လေထဲကနေပါ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတွေ ရှိလာနိုင်တယ်လို့ သုတေသီတွေ ခန့်မှန်း

Did you find apk for android? You can find new Free Android Games and apps.
Loading