တအိမ်လုံးမှာရှိတဲ့ မျက်နှာပြင်တိုင်းကို တနေ့မှာ ပျမ်းမျှအားဖြင့် အကြိမ်၁၀၀ထက်မနည်းထိတွေ့နေကြရတာဖြစ်ပြီး မီးဖိုချောင်အပါအဝင် အသုံးပြုနေတဲ့ Laptop အထိ သန့်ရှင်းရေးပြုလုပ်ပေးသင့်တာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ရက်တွေကတည်းက အပြင်ထွက်တဲ့အခါတိုင်း ဝတ်စုံတစုံကိုသာ ထပ်ခါထပ်ခါ ဝတ်ဆင်လေ့ရှိသူဆိုရင်တော့ ဝတ်ခဲ့တဲ့ဝတ်စုံ ဒါမှမဟုတ် အဝတ်အစားကိုလည်း လျှော်ဖွတ်ပေးဖို့ လိုအပ်တာပဲဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ မတူညီတဲ့ အရာဝတ္ထုတွေပေါ်မူတည်ပြီး ဘယ်လောက်ကြာကြာ ရှင်သန်နေနိုင်လဲဆိုတာ တိတိကျကျသိရသေးရသေးတာမဟုတ်သလို နာရီပိုင်းကနေ ရက်ပိုင်းအထိ နေရာတိုင်းမှာရှိနေနိုင်တယ်လို့ CDC က ဖော်ပြထားခဲ့တာပါ။
ဗိုင်းရပ်စ်ကူးစက်မှုနှုန်းသုတေသနတွေအဆိုအရတော့ အရာဝတ္ထုရဲ့ တည်ဆောက်မှုအပေါ်မူတည်ပြီး ဗိုင်းရပ်စ်ရဲ့ ကြီးထွားမှုဟာ ပြောင်းလဲနေတယ်လို့ဆိုပါတယ်။ ကာကွယ်ဆေးနဲ့ပတ်သက်လို့ တီထွင်ဖန်တီး ထုတ်လုပ်နေဆဲ ဖြစ်တာကြောင့် အခုအချိန်မှာ မိမိကိုယ်ကိုရော၊ မိမိနေထိုင်ရာ အခန်း ဒါမှမဟုတ် ပတ်ဝန်းကျင်ကို တတ်နိုင်သမျှ သန့်ရှင်းရေးလုပ်ထားသင့်တာပါ။
ဒါဟာ မခက်ခဲသလို လုပ်ဆောင်ရလွယ်ကူတဲ့ နည်းလမ်းတခုဖြစ်တာကြောင့် အဝတ်အစားတွေကို သေချာလျှော်ဖွတ်ဖို့နဲ့ မလျှော်ဖွတ်နိုင်သေးရင်လည်း ဆပ်ပြာရည်စိမ်ထားဖို့ပဲဖြစ်ပါတယ်။ နေ့စဉ် အဝတ်အစားလဲခြင်း ဟာလည်း ကိုယ် ကိုယ်တိုင်အတွက်ရော တခြားမိသားစုဝင်တွေအတွက်ပါ ကောင်းမွန်ထိရောက်စေနိုင်တာပဲဖြစ်ပါတယ်။
အဝတ်လျှော်တဲ့အခါမှာ သိရှိထားသင့်တဲ့အချက်တွေလည်း ရှိပါတယ်။
(၁) နေမကောင်းဖြစ်နေသူတဦးဦးရဲ့ အဝတ်တွေကို လျှော်ဖွတ်တဲ့အခါ လက်အိတ်အသုံးပြုလျှော်ဖွတ်ရမှာပါ။ပြီးတာနဲ့ လက်ကို သေသေချာချာဆေးကြောရမှာဖြစ်ပါတယ်။
(၂) လက်အိတ်မရှိတဲ့အခါမျိုးမှာဆိုရင်တော့ လက်တွေကို ပိုပြီး ဂရုတစိုက်ဆေးကြောသင့်တာပါ။
(၃) သင့်တင့်မျှတတဲ့ရေအပူချိန်နဲ့အတူ သေချာအခြောက်ခံပြီးမှ ပြန်လည် ဝတ်ဆင်သင့်တာကလည်း တခုအပါအဝင်ပဲဖြစ်ပါတယ်။
Ref. /www.mindbodygreen.com
You may also like these stories:
မကြာခဏ လက်ဆေးခြင်းကြောင့်ဖြစ်တဲ့ ခြောက်သွေ့မှုကို ဘယ်လိုထိန်းသိမ်းမလဲ
ပူပြင်းတဲ့ ရာသီဥတုမှာလည်း ကိုရိုနာ ကူးစက်ပျံ့နှံနိုင်ကြောင်း ဆေးပညာရှင်တွေ အသိပေး