ကိုရိုနာဗိုင်းရပ်စ်ကြောင့် Corona တံဆိပ်ဘီယာ ထုတ်လုပ်မှု ရပ်ဆိုင်း
ကိုရိုနာဗိုင်းရပ်စ်ကာလမှာ မက္ကဆီကိုနိုင်ငံရဲ့ နာမည်ကြီး ဘီယာကုမ္ပဏီဟာ Corona တံဆိပ် ဘီယာ ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Corona တံဆိပ်ဘီယာဟာ လူသိများပြီး သောက်သုံးမှုများတဲ့ ဘီယာတံဆိပ်တခု ဖြစ်ပြီး မက္ကဆီကို အစိုးရအနေနဲ့လည်း လက်ရှိအချိန်မှာ တချို့သော စီးပွားရေးလုပ်ငန်းတွေကို ရပ်ဆိုင်းပစ်နေတာလည်း ဖြစ်ပါတယ်။
ကိုရိုနာတံဆိပ် ဘီယာ ထုတ်လုပ်နေတဲ့ Grupo Modelo ကုမ္ပဏီက ၎င်းတို့အနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု
လက်ရှိအချိန်မှာတော့ မက္ကဆီကို အစိုးရအနေနဲ့ မရှိမဖြစ်ဆိုတဲ့ ပုဂ္ဂလိက လုပ်ငန်းတွေလောက်ကိုသာ လည်ပတ်စေနေတာဖြစ်ပြီး တခြားသော မရှိမဖြစ် မဟုတ်တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေကိုတော့ ဧပြီလကုန်အထိ ဆိုင်းငံ့ဖို့ ကြေညာထာားတာ ဖြစ်ပါတယ်။
လတ်တလော ကူးစက်ပြန့်ပွားမှုနှုန်းမြင့်
အယ်လ်ကိုဟော ပါဝင်တဲ့ အဖျော်ယမကာတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာာကွယ်ပေးနိုင်တယ် ဆိုတဲ့ ကောလာဟလတွေကြောင့် ဒီလပိုင်းအတွင်းမှာ ဘီယာနဲ့ အရက်ရောင်းအားတွေဟာ မြင့်တက်ခဲ့ပြီး ဒီထဲမှာ ကိုရိုနာတံဆိပ် ဘီယာရဲ့ ရောင်းအားမြင့်တက်မှုလည်း ပါဝင်ခဲ့ပါတယ်။
Ref. abc7ny.com
You may also like these stories: