ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့အတွက် နေအိမ်မှာပဲ ရောဂါခြေချုပ်နဲ့ နေထိုင်နေတဲ့ ဗြိတိန်ဝန်ကြီး Boris Johnson ဟာ နေအိမ်မှာ ၁၀ ရက် နေထိုင်ပြီးနောက် မသက်သာတာကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဝန်ကြီးချုပ် Boris Johnson အား လန်ဒန်ရှိ အမည် မဖော်ပြလိုတဲ့ ဆေးရုံတခုကို ဧပြီလ ၄ ရက် ညပိုင်းက ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းကို မတ်လ ၂၇ ရက်နေ့က ကြေညာခဲ့ပြီး နေအိမ်မှာ နေထိုင်ကာ ဧပြီလ ၃ ရက်နေ့မှာ အလုပ်ပြန်လုပ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ရောဂါ မသက်သာတာကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ပြောရေးဆိုခွင့်ရှိသူ တဦးကတော့ ” ဆရာဝန်တွေရဲ့ ညွှန်ကြားချက်ကြောင့် ဝန်ကြီးချုပ်ကို ဆေးရုံကို ပို့ဆောင်ပြီး စမ်းသပ်ချက်တွေ ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ ရောဂါကူးစက်ခံရပြီး ၁၀ ရက်အကြာမှာ ရောဂါလက္ခဏာတွေ ဆက်ပြီး ရှိနေတဲ့အတွက် ဆေးရုံကို ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ ဆေးရုံကိုတော့ လိုအပ်သလောက် တက်ရမှာ ဖြစ်ပါတယ်”လို့ ထုတ်ပြန်ထားပါတယ်။
ဗြိတိန်အစိုးရအဖွဲ့က ဝန်ကြီးအချို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။ ကျန်းမာရေးဝန်ကြီးဖြစ်သူကတော့ ရောဂါကြောင့် နေအိမ်မှာ ရက်သတ္တပတ် ၁ ပတ် အနားယူပြီးနောက် ပြန်လည် သက်သာလာပြီလို့ သိရပါတယ်။
ဝန်ကြီးချုပ် Boris Johnson ရဲ့ အနီးကပ် အကြံပေးဖြစ်သူကတော့ လက်ရှိမှာ သီးသန့်ခွဲကာ နေထိုင်လျက်ရှိပါတယ်။ ဝန်ကြီးချုပ်အနေနဲ့ အစိုးရအဖွဲ့ကို ဆက်လက် ဦးဆောင်နေပြီး အစိုးရအဖွဲ့ဝင်များနဲ့လည်း အဆက်အသွယ် ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
Ref. theguardian.com
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် Corona တံဆိပ်ဘီယာ ထုတ်လုပ်မှု ရပ်ဆိုင်း
COVID-19 ကာလမှာ အဝတ်အစားတွေကို သန့်ရှင်းစွာ လျှော်ဖွတ်ဝတ်ဆင်သင့်
ကိုရိုနာကာကွယ်ရေးအတွက် Mask မတပ်ဘူးလို့ဆိုလာတဲ့ သမ္မတထရန့်