Trend

အိန္ဒိယအတွက် ရူပီးကုဋေ ၁၀၀ဖိုး ဆေးပစ္စည်းများ Tik Tok လှူဒါန်း

နာမည်ကျော် လူမှုကွန်ရက် ဗီဒီယို ပလက်ဖောင်းတခုဖြစ်တဲ့ TikTok ဟာ အိန္ဒိယနိုင်ငံအတွက် ရူပီး ကုဋေ ၁၀၀ တန် ဆေးပစ္စည်းများ လှူဒါန်းသွားမယ်လို့ ကြေညာထားပါတယ်။ TikTok မှ ထောက်ပံ့ လှူဒါန်းမယ့် ဆေးပစ္စည်းတွေထဲမှာ ဆရာဝန်နဲ့ ဆေးအကူ ဝန်ထမ်းများအတွက် အကာအကွယ် ဝတ်စုံပေါင်း ၄ သိန်းနဲ့ Mask ပေါင်း ၂ သိန်းတို့ ပါဝင်မယ်လို့ Gizmochina သတင်းက ဆိုပါတယ်။

တာဝန်ယူမှု ရှိတဲ့ အဖွဲ့အစည်းတခုအနေနဲ့ Tik Tok ဟာ အိန္ဒိယနိုင်ငံသားများ ဘေးကင်းလုံခြုံရေးအတွက် နောက်များမှာလည်း ထောက်ပံ့လှူဒါန်းမှုများ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ Tik Tok ဟာ အထည်အလိပ် စက်မှုဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ကျန်းမာရေးနှင့် မိသားစု သက်သာချောင်ချိ‌ရေး ဝန်ကြီးဌာနကို ဆေးပစ္စည်းများ လှူဒါန်းသွားမယ်လို့လည်း ပြောထားပါတယ်။

“အိန္ဒိယအစိုးရအနေနဲ့ ဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ဖို့ လက်တွဲ လုပ်ဆောင်မှုတွေ လုပ်နေပါတယ်။ အခု လှူဒါန်းမှုကနေတဆင့် ကျနော်တို့ဟာ ဒီကြိုးပမ်းအားထုတ်မှုထဲ အတူတကွ ပါဝင်ချင်ပါတယ်”လို့ Tik Tok မှ တာဝန်ရှိသူ တဦးက ဆိုပါတယ်။

တရုတ် စမတ်ဖုန်း ကုမ္ပဏီတခုဖြစ်တဲ့Xiaomi ကလည်း အိန္ဒိယမှ ကျန်းမာရေး လုပ်သားများအတွက် N95 Mask များ လှူဒါန်းထားတာတွေ ရှိနေပြီး ဧပြီလ အစောပိုင်းမှာလည်း အစိုးရနဲ့ NGO အဖွဲ့အစည်းများ ရံပုံငွေထောက်ပံ့ရေးအတွက် စုစုပေါင်း ရူပီး ၁၅ ကုဋေ လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

Xiaomi ဟာ အိန္ဒိယ မိသားစုပေါင်း ၂ သောင်းအတွက် လက်ဆေးဆပ်ပြာများ ၊ Face Mask များလည်း ရူပီး ၁ ကုဋေဖိုး လှူဒါန်းသွားမယ်လို့ ကတိပြုထားပါတယ်။

Ref. Gizmochina, thehindubusinessline.com

You may also like these stories:

COVID-19 ကြောင့် အာရှမှာ လူ ၁၁ သန်းကျော် ဆင်းရဲနိုင်ကြောင်း ကမ္ဘာ့ဘဏ်ကြေညာ

ထိုင်းမှာ မီးရထားပေါ် လိုက်ပါလာသူတဦး COVID-19 ကြောင့် သေဆုံး

Delivery Service တွေ ခေတ်စားကုန်ပြီ

Loading