Trend

ဖလော်ရီဒါ လေဆိပ်အနီး မီးလောင်ကျွမ်းမှုကြောင့် ကားအစီးရေ ထောင်ကျော် ပျက်စီး

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ နိုင်ငံတကာ လေဆိပ်အနီးမှာ လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် အနားမှာရှိတဲ့ အငှားကား ထောင်နဲ့ချီ မီးလောင်ကျွမ်းခဲ့တယ်လို့ မီးသတ်ဌာန ထုတ်ပြန်လိုက်ပါတယ်။ လေဆိပ်အနီးက မြက်ခြောက်တွေများတဲ့ ၁၅ ဧကကျယ် ကွင်းပြင်ထဲမှာ ဧပြီလ ၃ ရက် သောကြာနေ့က စတင်လောင်ကျွမ်းခဲ့တာပါ။

အစကတော့ အငှားကား အစီး ၂၀ လောက်ပဲ လောင်ကျွမ်းနေခဲ့ပေမယ့် ထိန်းမရတဲ့ မီးကြောင့် အငှားကား ၃,၅၀၀ ကျော်လောက် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ရပြီလို့ မီးသတ်ဌာနက ဆိုပါတယ်။ ဖလောရီဒါ သစ်တောဌာနက တာဝန်ရှိသူတဦးရဲ့ ပြောပြချက်အရ သောကြာနေ့ ညနေ ၅ နာရီလောက်မှာ အငှားကားအစီး ၂၀ လောက်ကနေ စတင်လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

နောက်ပိုင်း မီးအရှိန်ပိုများလာကာ အစီး ၁၀၀ လောက် ပျက်စီးသွားချိန်ထိ ရေတွက်နိုင်သေပေးမယ့် အစီးရေ ပိုများလာစဉ်မှာတော့ မရေတွက်နိုင်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိ အငှားကား ၃ ထောင်ကျော် ပျက်စီးဆုံးရှုံးသွားပြီလို့ ခန့်မှန်းထားပါတယ်။

မီးလောင်ကျွမ်းလို့ ဖြစ်ပေါ်လာတဲ့ မီးခိုးငွေ့တွေဟာ ဖလော်ရီဒါ အနောက်တောင်ဘက်က Fort Myers မြို့အထိ မြင်တွေ့ရပါတယ်။ သစ်တောဌာက မီးလောင်ကျွမ်းပြီး ၁၈ နာရီအကြာ စနေနေ့ မနက် ၁၀ နာရီခွဲလောက်မှာ မီးတောက်ကို ထိန်းလိုက်နိုင်တယ်လို့ ဆိုပါတယ်။

မီးလောင်ကျွမ်းနေတဲ့ နေရာဟာ နိုင်ငံတကာ လေဆိပ်အနီးမှာရှိပေမယ့် လေဆိပ်နဲ့ ပတ်သက်တဲ့ အဆောက်အဦတွေကိုတော့ ကူးတာမျိုးမရှိခဲ့ပါဘူး။ ဘယ်သူမှ ထိခိုက်ဒဏ်ရာ ရတာမျိုး မရှိခဲ့ပေမယ့် မီးစတင် လောင်ကျွမ်းတဲ့ အကြောင်းရင်းကို မသိရသေးတာကြောင့် စုံစမ်းစစ်ဆေးနေဆဲပဲလို့ ဆိုပါတယ်။

လေဆိပ်က ပြောရေးဆိုခွင့်ရှိသူက အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လေကြောင်းပျံသန်းမှုတွေ အနှောင့်အယှက် မဖြစ်ခဲ့တဲ့အပြင် လေဆိပ် ကယ်ဆယ်ရေးအဖွဲ့နဲ့ မီးသတ် အဖွဲ့ဝင်တွေရဲ့ ကြိုးစားကူညီမှုတွေကြောင့် ခရီးသည်အားလုံး ဘေးကင်းခဲ့ရတဲ့အတွက်လည်း ကျေးဇူးတင်တဲ့ အကြောင်းကို Facebook စာမျက်နှာကတဆင့် ရေးသားဖော်ပြခဲ့ပါတယ်။

Ref: edition.cnn

You may also like these stories:

အမေရိကန်က တိရစ္ဆာန်ရုံမှာ ကျား ၁ ကောင် COVID -19 ကူးစက်ခံရ

“မိန်းမလျာတွေကို မြင်ရင် ပျော်စေချင်တဲ့ စိတ်နဲ့ ဖျော်ဖြေခဲ့တာပါ”

ဗြိတိန်ဝန်ကြီးချုပ် COVID-19 ကြောင့် ဆေးရုံတက်နေရ

Loading