၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကတည်းက တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါဟာ အခုအချိန်မှာတော့ တကမ္ဘာလုံး အတိုင်းအတာနဲ့ ကူးစက် ပြန့်ပွားနေတဲ့ ကပ်ရောဂါဆိုးပါ။ စစ်တမ်းတွေအရ တကမ္ဘာလုံးအတိုင်းအတာနဲ့ ကူးစက်ခံရသူပေါင်း ၁၃ သိန်းကျော်ရှိနေပြီး ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေကတော့ ၇ သောင်းကျော် ရှိနေပါတယ်။
အခုဖော်ပြပေးမယ့် နိုင်ငံတွေ စာရင်းကတော့ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံထက် ကူးစက်ခံရမှုနှုန်း အများဆုံးဖြစ်နေတဲ့ နိုင်ငံတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အမေရိကန်
အမေရိကန်နိုင်ငံဟာ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၃ သိန်းကျော် ရှိနေပြီး သေဆုံးသူပေါင်း ၁ သောင်းကျော်ခန့် ရှိနေပါတယ်။ ပြန်လည် ကုသနိုင်တဲ့ အရေအတွက်ကတော့ ၁၉,၀၀၀ ကျော်ခန့် ရှိတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။
(၂) စပိန်
စပိန်နိုင်ငံဟာလည်း လက်ရှိ စစ်တမ်းတွေအရ အမေရိကန်ပြီးရင် ကူးစက်ခံရသူ အရေအတွက် များပြားနေတဲ့ ဒုတိယနိုင်ငံဖြစ်ပြီး ကူးစက်ခံရသူပေါင်း ၁ သိန်း ၃ သောင်းကျော်ခန့် ရှိနေပါတယ်။ သေဆုံးသူဦးရေကတော့ ၁၂၀၀၀ ခန့်ရှိပြီလို့ သိရပါတယ်။
(၃) အီတလီ
လက်ရှိ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုနဲ့ သေဆုံးမှု တတိယမြောက် အများဆုံး နိုင်ငံဖြစ်ပြီး ကူးစက်ခံရမှုပေါင်း ၁ သိန်း ၂သောင်းကျော်နဲ့ သေဆုံးသူပေါင်း ၁ သောင်းခွဲခန့် ရှိနေပါတယ်။
(၄) ဂျာမနီ
လက်ရှိ အချိန်ထိ ကိုရိုနာကူးစက်ခံရမှုပေါင်း ၁ သိန်းကျော်ခန့် ရှိနေပြီး သေဆုံးသူပေါင်း ၁၅၀၀ ကျော် ရှိနေပါတယ်။
(၅) ပြင်သစ်
တရုတ်နိုင်ငံထက် ကူးစက်မှုနဲ့ သေဆုံးမှုပေါင်း မြင့်တက်နေတဲ့ နိုင်ငံတွေထဲမှာ ပြင်သစ်နိုင်ငံဟာလည်း ပါဝင်နေတာဖြစ်ပြီး ကူးစက်ခံရသူပေါင်း ၉ သောင်းကျော်နဲ့ သေဆုံးသူပေါင်း ၈ ထောင်ကျော်ရှိနေတာဖြစ်ပါတယ်။
Ref. www.worlddometers.info
You may also like these stories:
ကိုရိုနာကာကွယ်ရေးအတွက် Mask မတပ်ဘူးလို့ဆိုလာတဲ့ သမ္မတထရန့်
Mask ဝတ်တဲ့ ယဉ်ကျေးမှု အရှေ့နဲ့ အနောက် မတူပါ
Covid-19 က ကမ္ဘာ့နိုင်ငံရေးကို ပုံစံသစ် ပြောင်းသွားစေနိုင်သည်