တောင်အာဖရိကမှာရှိတဲ့ ဘုရားကျောင်းတကျောင်းမှာ လူအယောက် ၅၀ ကျော်ဟာ ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့ ဆိုတဲ့ ယူဆချက်နဲ့ Dettol များသောက်ပြီး လူသေဆုံးမှုဖြစ်တယ်ဆိုတဲ့ သတင်းဟာ ယခင်က သတင်းဖြစ်ပြီး သတင်းအမှား ဖြစ်တယ်လို့ ရဲဌာနတာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။
သတင်းအတုဟာ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့နေပြီး လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း ပြန်လည်မျှဝေသူ ၁၀၀,၀၀၀ ခန့် ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ သတင်းမှာ လူတဦးဟာ အမျိုးသမီး တယောက်ကို Dettol တိုက်နေတဲ့ ပုံနဲ့ ခေါင်းစဉ်တင်ထားတာကိုလည်း တွေ့မြင်ရပါတယ်။
ဒီသတင်းဟာ ၂၀၁၆ ခုနှစ်က သတင်းအတုဖြစ်ပြီး အခုလို ကပ်ရောဂါဖြစ်နေချိန်မှာ တဖန် ပြန်လည်ကာ သတင်းအမှားလွှင့်ကြတာလည်း ဖြစ်ပါတယ်။ ဓာတ်ပုံအတွင်းက အမျိုးသားဟာ ကိုယ့်ကိုယ်ကိုယ် တမန်တော်လို့ ယူဆထားသူဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်ပါက Dettol သောက်လျှင်ပင် အသက် မသေကြောင်း စတဲ့ အကြောင်းအရာတွေကို ပြောဆိုကာ တိုက်တာဖြစ်တယ်လို့ သတင်းမှာ ရေးသားထားပါတယ်။
Dettol ကုမ္ပဏီကတော့ Dettol ဟာ ပြင်းထန်တဲ့ ဓာတုပစ္စည်းများ ပါဝင်တာကြောင့် သောက်သုံးရန် မသင့်တော်ကြောင်း သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
တောင်အာဖရိက ရဲဌာနများအနေနဲ့လည်း Dettol သောက်ပြီး လူ ၅၀ ကျော် သေဆုံးတဲ့ အမှုကို လိုက်လံစုံစမ်းရခြင်း မရှိကြောင်းနဲ့ သတင်းမှာ သတင်းအတုသာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
Ref. AFP
You may also like these stories:
တရုတ်နိုင်ငံထက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံး ဖြစ်လာတဲ့ နိုင်ငံ ၅ နိုင်ငံ
COVID-19 ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ဂျပန်မှာ အရေးပေါ်အခြေအနေ ကြေညာမည်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် Corona တံဆိပ်ဘီယာ ထုတ်လုပ်မှု ရပ်ဆိုင်း