Trend

ကိုဗစ်ကြောင့် ကမ္ဘောဒီးယားမှာ နှစ်စဉ် ကျင်းပတဲ့ ရိုးရာနှစ်သစ်ကူးပွဲတော် ဖျက်သိမ်း

Want create site? Find Free WordPress Themes and plugins.

ကမ္ဘောဒီးယားနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံနေသူပေါင်း ၁၁၇ ယောက်အထိ ရှိ သွားပါပြီ။ ဒါကြောင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen က နှစ်စဉ် ကျင်းပနေကြဖြစ်တဲ့ ရိုးရာ နှစ်သစ်ကူးပွဲတော်ကို မကျင်းပဖို့ တားမြစ်လိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ရိုးရာနှစ်သစ် ကူးပွဲတော်ကို ဧပြီ ၁၃ ကနေ ဧပြီ ၁၆ ရက်နေ့အထိ ကျင်းပလေ့ ရှိပါတယ်။ အခုတော့ COVID-19 ကူးစက်ခံနေရသူ အရေအတွက် မြင့်တက်လာတဲ့ အတွက်ကြောင့် နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ရိုးရာ နှစ်သစ်ကူးပွဲတော်ကို ကျင်းပခွင့် မရှိတော့ပါဘူး။

COVID-19 ဟာ အရှေ့တောင်အာရှနိုင်ငံတွေကိုပါ ခြိမ်းခြောက်လာတဲ့ ကပ်ရောဂါတမျိုးပါ။ ဒါကြောင့်လည်း အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ COVID-19 ကို အထူးဂရုစိုက်ရမယ့် အချိန်ကို ရောက်ရှိလာပြီ။

အချိန်ထိတော့ အင်ဒိုနီးရှားနိုင်ငံဟာ COVID-19 ကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံပါ။ အင်ဒိုနီးရှားမှာ COVID-19 ကူးစက်ခံနေရသူပေါင်း ၂,၇၃၈ ယောက် ရှိပြီး သေဆုံးသူပေါင်း ၂၂၁ ယောက်အထိ ရှိသွားခဲ့ပါပြီ။

မလေးရှားနိုင်ငံမှာ လူပေါင်း ၃,၉၆၃ ယောက် ကူးစက်ခံနေရပြီး ၆၃ ယောက် သေဆုံးခဲ့ပါတယ်။ အရှေ့တောင် အာရှနိုင်ငံတွေထဲမှာတော့ မလေးရှားနိုင်ငံက ကူးစက်မှုနှုန်း အမြင့်ဆုံးနိုင်ငံပါပဲ။

ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ နှစ်စဉ် ကျင်းပနေကျ ရိုးရာနှစ်သစ်ကူးပွဲတော်ကို ဖျက်သိမ်းလိုက်တာဟာ လူစုလူဝေးကို ရှောင်ရှားနိုင်ဖို့ ဖြစ်တယ်လို့ ဝန်ကြီးချုပ် Hun Sen က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ COVID-19 ဟာ လူစုလူဝေးရှိတဲ့ နေရာမှာ ပိုပြီး ပြန့်ပွားလွယ်တာကြောင့် ဒီအချိန်မှာ လူစုလူဝေးကို ရှောင်ကြဉ်သင့်ပါတယ်။

ရိုးရာ နှစ်သစ်ကူးပွဲတော်ကို ဖျက်သိမ်းလိုက်ပေမယ့် ကမ္ဘောဒီးယားမှာရှိတဲ့ ဈေးတွေ၊ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေနဲ့ အထည်ချုပ်စက်ရုံတွေကိုတော့ ပိတ်သိမ်းဦးမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် Hun Sen က ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ COVID-19 ကူးစက်ခံနေသူပေါင်း ၁၁၇ ယောက် ရှိနေပမယ့် ၅၈ ယောက်ကတော့ ကျန်းမာရေး ပြန်လည် ကောင်းမွန်ခဲ့တယ်လို့ ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

Ref: thestar

You may also like these stories:

အမြော်အမြင်ကြီးသော နိုင်ငံရေးဦးဆောင်မှုဖြင့်သာ ကပ်ဘေးအန္တရာယ်ကို ကျော်လွှားနိုင်မည်

ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေး နှေးသွားပြီး ဆင်းရဲသားများ အထိနာမည်ဟု ကမ္ဘာ့ဘဏ် ဆို

အပြုသဘောဆောင်တဲ့ စိတ်နဲ့ အတူတူကျော်ဖြတ်ရအောင်

Did you find apk for android? You can find new Free Android Games and apps.
Loading