Trend

ဖူးခက်မှာ ဒီနေ့ တရက်အတွင်း လူ ၁၄ ဦး COVID-19 ကူးစက်ခံရ

Want create site? Find Free WordPress Themes and plugins.

အရှေ့တောင်အာရှနိုင်ငံတွေမှာ COVID-19 ကပ်ရောဂါကို ခံစားနေရတဲ့ နိုင်ငံတွေထဲ ထိုင်းနိုင်ငံလည်းပါဝင်ပါတယ်။ လက်ရှိအချိန်အထိ ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံရသူပေါင်း. ၂,၃၆၉ ယောက် ရှိပြီး သေဆုံးသူ ၃၀ ဦးအထိ ရှိသွားပြီလို့ သိရပါတယ်။

ဒီနေ့ တရက်အတွင်း ဖူးခက်မှာ လူပေါင်း ၁၄ ယောက် COVID-19 ကူးစက်ခံရပြီး ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၁၄၀ ဦး ရှိသွားခဲ့ပါပြီ။ ဒါကြောင့်လည်း ဖူးခက်ကို ကုန်းလမ်းနဲ့ ပင်လယ်လေကြောင်းအားလုံး ပိတ်ထားပြီလို့ သိရပါတယ်။ မရှိမဖြစ် လိုအပ်တဲ့ ကုန်ပစ္စည်းတွေကလွဲပြီး ဝင်ခွင့် အားလုံးကိုလည်း ပိတ်ထား လိုက်ပါပြီ။

တချိန်တုန်းကတော့ ထိုင်းနိုင်ငံကိုဟာ ခရီးသွား ဧည့်သည်တွေအကြား ရေပန်းစားတဲ့ နိုင်ငံတနိုင်ငံပါ။ အခုအချိန်မှာတော့ COVID-19 ကြောင့် ထိုင်းနိုင်ငံရဲ့လမ်းမတွေ အားလုံးနီးပါး လူသွားလူလာ ခြောက်ခြောက်ကပ်ကပ် ဖြစ်လို့နေပါပြီ။

ဒီကနေ့ ဖူးခက်မှာ တွေ့ရှိခဲ့တဲ့ COVID-19 ကူးစက်ခံရသူတွေဟာ ထိုင်းနိုင်ငံသား ၁၃ ယောက်နဲ့ ရုရှား နိုင်ငံသား ၁ ယောက်ဖြစ်တယ်လို့ သိရပါတယ်။ ဖူးခက်မှာ COVID-19 ကူးစက်ခံရသူ အရေအတွက်က ထပ်ပြီး မြင့်တက်လာနိုင်စရာအကြောင်း ရှိနေပါတယ်။

မြန်မာနိုင်ငံမှာလည်း COVID-19 ကူးစက်ခံနေသူပေါင်း ၂၂ ယောက်အထိ ရှိလာပြီး သေဆုံးသူ ၃ ဦး ရှိသွားပါပြီ။ ဒီနေ့ တရက်အတွင်း မြန်မာနိုင်ငံမှာ COVID-19 ရောဂါ အတည်ပြုလူနာ ၂ ဦး သေဆုံးခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံအနေနဲ့ COVID-19 ကို ပေါ့ဆရမယ့် အချိန် မဟုတ်တော့ပါဘူး။

Ref: Bangkokpost, worldometers

You may also like these stories:

COVID-19 ကြောင့် အာရှမှာ လူ ၁၁ သန်းကျော် ဆင်းရဲနိုင်ကြောင်း ကမ္ဘာ့ဘဏ်ကြေညာ

Did you find apk for android? You can find new Free Android Games and apps.
Loading